အဖွဲ့အစည်းများ

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ

ASUသမဂ္ဂ

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ (Arakan Student’s Union – ASU) အား၂၀၁၂ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ရခိုင်ကျောင်းသားလူငယ်များဖြင့် စတင်ဖွဲ့စည်းသည်။သမဂ္ဂ မူဝါဒမှာ ရခိုင်အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊စစ်မှန်သော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ဒိမိုကရက်တစ်ပညာရေး၊ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ရခိုင်ကျောင်းသားထုတရပ်လုံးသွေးစည်းညီညွတ်ရေး၊ မဟာမိတ် ကျောင်းသားသမဂ္ဂများနှင့် စည်းလုံးရေး (https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/wat11paw.html) တို့ ဖြစ်သည်။

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ (Arakan Student’s Union – ASU) အား၂၀၁၂ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ရခိုင်ကျောင်းသားလူငယ်များဖြင့် စတင်ဖွဲ့စည်းသည်။

သမဂ္ဂ မူဝါဒမှာ ရခိုင်အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊စစ်မှန်သော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ဒိမိုကရက်တစ်ပညာရေး၊ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ရခိုင်ကျောင်းသားထုတရပ်လုံးသွေးစည်းညီညွတ်ရေး၊ မဟာမိတ် ကျောင်းသားသမဂ္ဂများနှင့် စည်းလုံးရေး (https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/wat11paw.html) တို့ ဖြစ်သည်။ဖွဲ့စည်းပြီး လုပ်ငန်းစဉ်များအား ထုတ်ပြန်ထားခြင်း မရှိသော်လည်း ၂၀၁၅ ခုနှစ်သြဂုတ်တွင် ကျောင်းသားသမဂ္ဂ ပြန်လည်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း (https://www.facebook.com/asunion.tcom/photos/a.746431602166458/753156868160598/) ကာ သမဂ္ဂဖြစ်မြောက်ရေး လှုပ်ရှားမှုများ ပြန်လည် ရှိလာသည်။

ဖြစ်မြောက်ရေးကော်မတီသည် ပြည်နယ်ခုနစ်ပြည် ကျောင်းသားသမဂ္ဂတွေ့ဆုံနှီးနှောပွဲ၌ ပါဝင်ခြင်း၊ (၂၁) ပင်လုံညီလာခံ အကြို အရပ်ဘက်အဖွဲ့အစည်းအများဆွေးနွေးပွဲ၊ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး ကိစ္စရပ်များ၌ ပါဝင်လာသည်။ ဒေသတွင်းပြုလုပ်သည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၌ ပါဝင်သည့်အပြင်ဒုတိယအကြိမ် ခုနစ်ပြည်နယ် ကျောင်းသားသမဂ္ဂများ အစည်းအဝေးသို့ တက်ရောက်ကာယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် ခုနစ်ရပ် (https://www.facebook.com/asunion.tcom/photos/a.748200015322950/811291902347094/) ချမှတ်သည်။

ကျောင်းသားရေး လှုပ်ရှားမှုအဖြစ် စစ်တွေနည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ကြေညာချက် တစ်စောင် (https://www.facebook.com/asunion.tcom/photos/a.748200015322950/782675935208691/) ထုတ်ကာပြည်နယ်အစိုးရအား အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် သမဂ္ဂကော်မတီ အစည်းအဝေးပြုလုပ်ကာ သမဂ္ဂများ ရင်းနှီးမှုအတွက်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ် (https://www.facebook.com/asunion.tcom/photos/a.748200015322950/853435664799384/) သည်။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီဥက္ကဌဒေါက်တာအေးမောင် ပြောဆိုမှုနှင့် ပတ်သက်၍ သမဂ္ဂ ဦးဆောင်ကော်မတီကညီနောင်တိုင်းရင်းသားအချင်းချင်း အထင်လွဲမှားမှုကို ဦးတည်စေကာ ပထဝီအနေအထားအရနယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) အခြေချခြင်းအားနားလည်ခွင့်လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ၁/၂၀၁၇ (https://www.facebook.com/asunion.tcom/photos/a.748200015322950/915234041952879/) ဖြင့်ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် ရခိုင်ကျောင်းသားများအားလုံးသမဂ္ဂအလံတော်အောက် စုရုံးရေးအတွက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားတွေ့ဆုံပွဲအားဦးဆောင်သည်။ တွေ့ဆုံပွဲ၌ "ရကသ" ဦးဆောင်အဖွဲ့အား တိုးချဲ့ခြင်းနှင့်ဖွဲ့စည်းပုံရေးဆွဲခြင်းတို့ ဆောင်ရွက်သည်။ တောင်ကုတ်ဒီဂရီကောလိပ်၊ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်)၊ ကျောက်ဖြူ (GTI) ၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ (စစ်တွေ)၊ရခိုင်ကျောင်းသားသမဂ္ဂ (ဒဂုံတက္ကသိုလ်) တို့ တက်ရောက်ကာ ဆုံးဖြတ်ချက် လေးရပ် (https://www.facebook.com/asunion.tcom/photos/a.748200015322950/944160215726928/) ချမှတ်သည်။

သမဂ္ဂ အစည်းအဝေး အများစုအား ဘုရားစေတီနှင့်ဘုန်းတော်ကြီးကျောင်းများ၌ အဓိကထား လုပ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်သမဂ္ဂရုံးခန်း ဖွင့်ရေး လုပ်ဆောင်သည်။ ယင်းသို့ လုပ်ဆောင်နေစဉ်အတွင်းဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများအတွင်း ထိခိုက်ပြောင်းရွှေ့ရသည့် မတူညီသည့်ဒေသတွင်း တိုင်းရင်းသားများအတွက် အရေးပေါ် ကူညီထောက်ပံ့မှုများ၊ရခိုင်တိုင်းရင်းသားတို့နှင့် ဆက်စပ်သည့် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ၌ပါဝင်ခြင်းများ ပြုလုပ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် "၂၃၃ နှစ်မြောက်ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား" အား မြောက်ဦးမြို့၌ ပြုလုပ်ရန် အာဏာပိုင်များက ငြင်းဆန်၍ဆန္ဒပြသည့်အတွက် ခုနစ်ဦး သေဆုံးကာ ၁၂ ဦးထက်မနည်း သေဆုံးခဲ့မှုအပေါ် ပြင်းထန်စွာတုံ့ပြန်သည့် ရဲတပ်ဖွဲ့အားတရားဥပဒေနှင့်အညီ ပြင်းထန်စွာ စုံစမ်းစစ်ဆေးအရေးယူပေးရန် သမဂ္ဂက ကြေညာချက် (https://www.facebook.com/asunion.tcom/posts/pfbid0myhsw6PKaLwHJQRAUBiGWRcR97x2hXkVvGAeQdbkHtmS6kZYKnW9Mr7TFPH3LByl) ထုတ်တောင်းဆိုသည်။

၂၀၁၈ သြဂုတ်တွင် ရခိုင်ပြည်နယ်တွင်း သမဂ္ဂများတွေ့ဆုံရေးနှင့် ဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးအတွက် တောင်ကုတ်ဒီဂရီကောလိပ်သမဂ္ဂရုံး၌ ပြုလုပ်ကာ သမဂ္ဂဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအား အတည်ပြုသည်။ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမှုအားကန့်ကွက်ကြောင်း နှိုးဆော်မှုဖြင့် ကရင်နီဒေသခံ ၁၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုသည်။ သပိတ်စခန်း ဖွင့် ဆန္ဒပြသည်အထိ ပြင်းထန်လာပြီးနောက်လူငယ်များအား ဖမ်းဆီး တရားစွဲခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်သည်တိုင်းရင်းသားမျိုးနွယ်စုများအား ကျဉ်းမြောင်းသည့် အယူအဆဘက်သို့တွန်းပို့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများဘက်မှ ရပ်တည်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင်ဦးဆောင်ကော်မတီက သဘောထား ထုတ်ပြန် (https://www.facebook.com/asunion.tcom/posts/pfbid02xwwdy5ga3aUxpigq7tFN2RzKT8UYjaJifddHBnj9WPna7rgSo7pdqBRuFMawKYwol) သည်။

မတ်လအတွင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်သို့ စစ်တပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့်ဘုရားစေတီများ၊ လူနေအိမ် အဆောက်အဦနှင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ခဲ့ရာကန့်ကွက်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါက လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း စတင်ရာဇသံပေး (https://www.facebook.com/asunion.tcom/photos/a.746431602166458/1399972890145656/) ထုတ်ပြန်သည်။

ဇူလိုင်လတွင် ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိဘာသာရေးအဆောက်အအုံများ၌ စစ်တပ်က တပ်စွဲစခန်းချခြင်း၊ စစ်ဘေးရှောင် အကူအညီများအားကန့်သတ်ခြင်း၊ သတင်းအချက်အလက်များ ဖြတ်တောက်ခြင်းနှင့် သတင်းမီဒီယာများအားကန့်သတ်ခြင်း၊ လူနေ အဆောက်အဦများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့်ဒေသခံများအား မတရားဖမ်းဆီးမှုများ ရှိလာခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ထိုးစစ်ဆင်မှုများအား အမြန်ဆုံးရပ်စဲရန်၊ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော် (AA) တည်ရှိမှုသည်ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထားအပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်မည် ဖြစ်ကြောင်းဗကသများအဖွဲ့ချုပ်၊ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ ရန်ကုန်)တို့နှင့် ပူးပေါင်းကာ ထုတ်ပြန် (https://www.facebook.com/asunion.tcom/photos/a.746431602166458/1486705161472428/) ကြေညာသည်။

ဇူလိုင် ၁၃ ရက်တွင် သမဂ္ဂ နှစ်ပတ်လည်ညီလာခံအား သံတွဲ GTC ကျောင်း၌နှစ်ရက်ကြာ ပြုလုပ်ကာ သံဃာတော်များပါ တက်ရောက်သည်။ သမဂ္ဂ ဦးဆောင်ကော်မတီများနှင့်ကော်မတီဝင်များအား ရွေးချယ်တင်မြှောက်ကာ ကော်မတီများမှာ လုပ်ငန်းဖော်ဆောင်ရေး၊ဘဏ္ဍာရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ပြင်ပဆက်ဆံရေးနှင့် သံတမန်ရေးရာ (https://www.facebook.com/photo/?fbid=1500153013460976&set=a.746431602166458) တို့ ဖြစ်သည်။ညီလာခံမှတစ်ဆင့် အချက် ၁၁ ချက်ပါ သဘောထား ကြေညာချက် (https://www.facebook.com/photo/?fbid=1500256263450651&set=a.746431602166458) ကို ထုတ်ပြန်ကာအရေးတယူ ဆောင်ရွက်ခြင်း မရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများသည်သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။ တောင်းဆိုချက်များ၌ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး အား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန်အချက်ပါပါဝင်သည်။ ယင်းအချက်များအပေါ် အခြေခံ၍ ဒေသတွင်း တက္ကသိုလ်များ၌ ကျောင်းသား၊စစ်ဘေးရှောင်အရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။

သမဂ္ဂသည် အခြားတိုင်းရင်းသားဒေသ ခြောက်ခုမှ သမဂ္ဂနှင့်ပူးတွဲ၍ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ထည့်သွင်းရန် အပါအဝင် အချက် ၁၁ ချက်အား၂၀၁၉ ခုနှစ်စက်တင်ဘာ ၃ ရက် ပညာရေးဝန်ကြီးဌာနထံ တောင်းဆိုသည်။ (https://www.facebook.com/asunion.tcom/photos/a.746431602166458/1541587625984181/)

ရကသ သည် ရခိုင်ဒေသ စစ်ပွဲများနှင့် ပတ်သက်၍ရက္ခိုင်ကျောင်းသားသမဂ္ဂနှင့်ပေါင်း၍ အစီရင်ခံစာ တစ်စောင်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၁၇ ၇က်တွင် ထုတ်ပြန် (https://www.facebook.com/asunion.tcom/photos/a.746431602166458/1665696973573245/) ကာ ရက္ခိုင့်တပ်တော်(AA) ၏ဖြစ်တည်မှုအား အသိအမှတ်ပြုခြင်းသည် လက်နက်ကိုင်တိုက်ပွဲများ အဆုံးသတ်ရေးအတွက်အရေးကြီးသည့်ခြေလှမ်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်ဗကသ၊ ရက္ခိုင်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်) တို့နှင့် ပူးပေါင်းကာအင်တာနက် ဖြတ်တောက်မှု၊ လက်နက်ကြီးကြောင့် ကျောင်းသား ၂၁ ဦး ထိခိုက်မှု၊မီဒီယာများ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်သည့် နိုင်ငံတကာစုံစမ်းစစ်ဆးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးပေးရေး တို့အား တောင်းဆို (https://www.facebook.com/asunion.tcom/posts/pfbid0mCh3W4YcJqZrD7arw96FSGeWNDmLJB1KfgqEG4SEXmvSvSm5f7LQmCkbFJVqq4bul) သည်။ဖေဖော်ဝါရီ ၂၂ ရက်တွင် "အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ရေး"ဆန္ဒပြမှုများ စတင်လာကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများပေါ်အထိပျံ့နှံ့သွားသည်။

အင်တာနက်များ ဖြတ်တောက်ခံထားရချိန် တက္ကသိုလ်များ၌ Online Teaching andLearning စနစ် အကောင်အထည်ဖော်ရန် လုပ်ဆောင်မှုနှင့် ပတ်သက်၍ပါမောက္ခချုပ်များကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးထံ လိပ်မူကာ အိပ်ဖွင့်ပေးစာ (https://www.facebook.com/asunion.tcom/photos/a.746431602166458/1876221965854077/) ပို့သည့်အပြင်ပညာရေးဝန်ကြီးဌာန အမိန့်၊ ညွှန်ကြားချက်များသည် ဗဟိုချုပ်ကိုင်မှု လွန်ကဲကာဒီမိုကရေစီပညာရေးစံနှုန်းနှင့် ကွဲလွဲနေသည့်အတွက် စနစ်အကောင်အထည် ဖော်ရန်လိုအပ်သည့် အချက်ငါးချက် (https://www.facebook.com/asunion.tcom/photos/a.746431602166458/1882105265265747/) ကိုဆရာ/ဆရာမများ သမဂ္ဂအပါအဝင် သမဂ္ဂ ၁၉ ခု ပူးပေါင်း၍ ကြေညာချက်ထုတ်သည်။

ဒေသတွင်း ကိုဗစ်ကူးစက်မြန် ရောဂါ ဖြစ်ပွားမှုများ ရှိလာစဉ်သတင်းအချက်အလက် ရရှိရေးအတွက် အင်တာနက်နှင့် သတင်းစာလွတ်လပ်ခွင့်ပေးရေး၊လက်နက်ကိုင်အဖွဲ့အစည်းများ ကာလတို အပစ်အခတ်ရပ်စဲထားရေး  မေတ္တာရပ်ခံသည်။

၂၀၂၀ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ရကသ (ကျောက်ဖြူပညာရေးကောလိပ်)အဖွဲ့ဝင် မောင်ညီညီစိုးအား ခမရ –၇၅၇ မှ အရပ်ဝတ်စစ်သားများက ချုပ်နှောင် နှိပ်စက်ကာ ငွေကျပ် ၃၀,၀၀၀ ပေး၍ပြန်လွှတ်မှု ဖြစ်ပွားရန် သမ္မတဦးဝင်းမြင့်ထံ လိပ်မူ၍ ကျူးလွန်သူအား အရေးယူပေးရေး(https://www.facebook.com/asunion.tcom/photos/a.746431602166458/1929404923869114/)  တိုင်ကြားသည်။ အဆိုပါ ဖြစ်စဉ်နောက်ပိုင်း စက်တင်ဘာ ၉ရက်တွင် အင်တာနက် ပြန်ဖွင့်ပေးရေး အပါအဝင် ဗဟိုနှင့် ပြည်နယ်အစိုးရ အယုံအကြည်မရှိ၊လူသတ်စစ်တပ် အလိုမရှိဟု ဆိုကာ သမဂ္ဂက ဦးဆောင်၍ ပြည်နယ်အစိုးရရုံးရှေ့၌ဆန္ဒထုတ်ဖော်ရာ အဖွဲ့ဝင်အချို့ ဖမ်းဆီးထိန်းသိမ်း (https://www.facebook.com/asunion.tcom/photos/a.746431602166458/1931133343696272/) (https://www.facebook.com/asunion.tcom/posts/pfbid02dYRb66JZngG2WeCbmYLX11Lk1pyW1VcaUeFYr9HApxPqCGEUnpEpf9oJydKNuQHGl) ခံရသည်။မြို့တော် စစ်တွေ၌ အာဏာပိုင်များက လုံခြုံရေး တိုးမြှင့်သည့်အပြင် ငြိမ်း/စု/စီဥပဒေဖြင့် တရားမစွဲဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့်ပါတရားစွဲသည့်အတွက် ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ အပါအဝင် ဒေသတွင်းဥပဒေရေးရာအဖွဲ့များ၊ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားသမဂ္ဂက ကန့်ကွက်ကာအဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် (https://www.facebook.com/asunion.tcom/photos/a.746431602166458/1934995893310017/) တောင်းဆိုကြသည်။တောင်းဆိုမှုများ ပြင်းထန်လာ၍ ငြိမ်း/စု/စီဥပဒေဖြင့် စွဲချက်တင်ကာ အာမခံဖြင့်ပြန်လွှတ်ပေး (https://www.facebook.com/asunion.tcom/posts/pfbid02jhKfDwVr239trn78DqJ6YgvDQ6qcYCfbnu9Yi7242pF9CXKKQvz2iDY6w1VPqPpHl) သည်။

ယင်းကာလ ရွေးကောက်ပွဲကော်မရှင်က ရခိုင်ဒေသအများစုတွင်ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ကြေညာရာ ၂၀၀၈ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအား အသိအမှတ်မပြုကြောင်းရက္ခိုင်ကျောင်းသားသမဂ္ဂများ စုပေါင်းကာ ကြေညာသည်။ ထို့ပြင် သမဂ္ဂ ပုံရိပ်သုံး၍မဲဆွယ်စည်းရုံးခြင်းများ မပြုလုပ်ရန်လည်း (https://www.facebook.com/asunion.tcom/photos/a.746431602166458/1968948903248049/) သတိပေးသည်။သတိပေးစာ၌ NLDအစိုးရသည် "ပြည်ထောင်စုအစိုးရအမည်ခံ ဖက်ဆစ်လက်ဝေခံ အစိုးရ" ဟုထည့်သွင်းသုံးနှုန်းကာ "အာရကန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးနှင့်မိမိကံကြမ္မာကို မိမိ ထုဆစ်သွားရန်မှ တပါး အခြားမရှိ" ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးလေးရက်အကြာ ဖေဖော်ဝါရီ ၅ ရက်တွင် သမဂ္ဂက ကြေညာချက် https://www.facebook.com/photo/?fbid=2074151809394424&set=a.746431602166458) ထုတ်ပြန်ရာရခိုင်ပြည်သူနှင့် သမဂ္ဂကသည် ဘုံရန်သူအား ရှင်းလင်းစွာ သိရှိကြောင်း၊ ယခုအကျပ်အတည်းကာလ၌ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်စွမ်းရှိသော ပြည်သူများပီပီကောင်းမွန်စွာ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ မတ် ၂၁ ရက်တွင်ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ခုဖြင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေး၌ ပါဝင်သည့်ကျောင်းသားပြည်သူများနှင့် တသားတည်းရပ်တည် ကူညီမည်ဟု ထပ်မံ ထုတ်ပြန် (https://www.facebook.com/asunion.tcom/photos/a.746431602166458/2109854812490790/)  သည်။

အာဏာသိမ်းစစ်တပ်က NLD အစိုးလက်ထက်ကတည်းကဖမ်းဆီးထားသည့် ရကသ ဦးဆောင်အဖွဲ့ဝင်များအား ငြိမ်း/စု/စီဥပဒေဖြင့် ငွေဒဏ် ၂၀,၀၀၀ စီ ချမှတ်(https://www.facebook.com/asunion.tcom/posts/pfbid0Mhe7b2yh1BvLWB1N3R2kwidTqH7V8PR6aMF16NTtth8Vhg1Gx12uALkrMpRSjnWXl) သည်။ကျန်ရှိသည့် ပုဒ်မများအတွက်မူ ဆက်လက်တရားရင်ဆိုင်စေကာ စက်တင်ဘာ ၁၆ ရက်တွင်ထောင်ဒဏ်နှစ်နှစ်ခွဲစီ ချမှတ် (https://www.facebook.com/asunion.tcom/posts/pfbid02eEqDHqv5Sfn74uyyYRt2AfsdGSkabBqupEbWurariEqyiy6cD789dak4vmbT8tAul) ပြီး ဒီဇင်ဘာ၁၆ ရက်တွင်မူ ထောင်ဒဏ်တစ်နှစ်အထိ လျော့ပေါ့ (https://www.facebook.com/asunion.tcom/posts/pfbid02EPMjvSw6rh63NxJecnu7aNqkVuM1Bbvz4PnDTfawJadPfiSn39WBosq53YetWNwjl) ပေးသည်။

သမဂ္ဂသည် ဇူလိုင် ၁၇ ရက်တွင် ရက္ခိုင့်တပ်တော် (AA) တပ်မှူးဖြစ်သူဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်မှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာ (https://www.facebook.com/asunion.tcom/posts/pfbid021qaiusNzCdkrEW8gKSECRzw3Bs47yk7FjEej5uxBQiyAgoKYgt9Qk4P17RFbQt51l) ထုတ်ပြန်သည်။ဒီဇင်ဘာ ၂၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် လူမျိုးရေးနှင့်ဘာသာရေးပြဿနာကို ဖြစ်ပေါ်စေနိုင်သည့် သံသယဖြစ်ဖွယ် ရာဇဝတ်မှုများကိုဆက်တိုက်တွေ့ရှိနေကာ သတိဖြင့် စောင့်ကြည့်နေထိုင်ရန် မူဆလင်ကျောင်းသား/သူများ၊ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) နှင့် ပူးပေါင်းကာကြေညာချက်ထုတ် (https://www.facebook.com/asunion.tcom/posts/pfbid031JM5xgdHFtXhHhzsQrQsXsbQzwHK4UPHnU1qreK1KiDgZmDimJRowZJB72e7dUZ1l) သတိပေးသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် သမဂ္ဂ ဦးဆောင်ကော်မတီ(ယာယီ) ၌ တာဝန်ထမ်းဆောင်ဆဲ ကော်မတီစာရင်း (https://www.facebook.com/asunion.tcom/posts/pfbid0UeqvuHTcYcxyNnkk9RBHeHcJhhqeqF2p3dSWbumPnKjdW7BcjXVH3gEoXY66kiDil) အားထုတ်ပြန်ကြေညာသည်။ မေ ၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စု၊ ငြိမ်းချမ်းရေးအဖွဲ့ကဦးဆောင်သည့် အစည်းအဝေးသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည်ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးအား ကိုယ်စားပြုသည့် အဖွဲ့မဟုတ်ကြောင်းသမဂ္ဂနှင့် အဖွဲ့အစည်းပေါင်း ၂၈ ခုက ပူးတွဲ ထုတ်ပြန် (https://www.facebook.com/asunion.tcom/photos/a.746431602166458/2462919193851015/) သည်။

ရခိုင်ပြည် အမျိုးသားရေး (Nation Building) တည်ဆောက်ရေးလုပ်ငန်းများအားထိရောက်အောင် လုပ်ဆောင်နိုင်ရေးအတွက် ရက္ခိုင်မျိုးစောင့်လူငယ်များအဖွဲ့နှင့်မဟာမိတ်ပြုလုပ်ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန် (https://www.facebook.com/asunion.tcom/posts/pfbid02M7nUtDkVcsgoHbjtDNne6Csm9gEuzcNASrMe7WxkLDaQPENLSx41K2gexD7dLASDl) သည်။ အဆိုပါကာလများအတွင်း ရခိုင်ဒေသတွင်း၌ စစ်ရှောင် ကူညီကယ်ဆယ်ရေးအပြင် စက်ချုပ်ကဲ့သို့သောသက်မွေးဝမ်းကြောင်း သင်တန်းများပါ ဖွင့်လှစ်ပေးသည်။ ရခိုင်ဒေသအတွင်းမိုခါမုန်တိုင်း တိုက်ခတ်စဉ်ကလည်း ကူညီကယ်ဆယ်ရေးအတွက် ရက္ခိုင်ကျောင်းသားသမဂ္ဂ သည်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ (https://www.facebook.com/asunion.tcom/posts/pfbid0d5LkBpPX9HgVmrsvRonKxAgytW6Nx1Bvf6J52Tm6x9veuWzihktugeS9yzH8r6Hdl)  ဖွဲ့စည်းကာ လူမှုရေးလုပ်ငန်းများ၌ ပါဝင်သည်။

မောင်တောမြို့နယ်၊ သင်္ဘောလှရွာ ပညာရေးဝန်ထမ်းနှစ်ဦးအားအမည်မသိအဖွဲ့တစ်ခုက ဇွန် ၁၆ ရက်၌ ပြန်ပေးဆွဲကာ ဘင်္ဂလား တာကာငွေ သိန်း ၅၀ ဖြင့်ပြန်ရွေးခိုင်းသည့်အပေါ် မူဆလင်ကျောင်းသား/သူများနှင့် ပူးပေါင်းကာ ကြေညာချက်ထုတ်ပြန်ကန့်ကွက်ကာ လူမျိုးရေး၊ ဘာသာရေးပြဿနာများ ပြန်လည်ဖြစ်ပေါ်စေရန်လှုံ့ဆော်ကြိုးပမ်းမှုများ ရှိနေကြောင်း သတိပေး (https://www.facebook.com/asunion.tcom/posts/pfbid02dZdEs5xzACWu37ZC8pydFXvRzZpUV1K4m2TTPoxh45L9vEFwoLYBN4JJQwr15nPfl) သည်။

၂၀၂၂ ခုနှစ် သြဂုတ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့်အကြမ်းဖက်စစ်အုပ်စုအကြား တိုက်ပွဲများ ပြင်းထန်လာပြီး စစ်အုပ်စုဘက်ကအရပ်သားများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကြောင့် ထိခိုက်၊ သေဆုံးမှုများရှိလာချိန်တွင် ဒေသတွင်း ကျောင်းသားသမဂ္ဂများနှင့် စုပေါင်း၍ ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန် (https://www.facebook.com/asunion.tcom/posts/pfbid0aHAUircCWqxh17mY6priPQSWTgh994s5DNFEUeWe95UcqVtfCjgHxTg91Gkigabhl) သည်။ ၂၀၂၃ခုနှစ် မေ ၁၁ ရက်တွင် စစ်တွေမြို့၊ မောလိပ် (ခွဲ) ကျောင်းမှ Grade– 11 ကျောင်းသားတစ်ဦးအား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သေနတ်ဖြင့်ခြိမ်းခြောက်ကာ ၁၈ ရက်ကြာ ချုပ်နှောင်ထားမှုအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းထုတ်ပြန် (https://www.facebook.com/asunion.tcom/posts/pfbid0Fc224o9Swr1aEYXyS3dSewxNXsRT3sT8SMpWbVcXMf8d35kEUi7W7nMP767ueDqJl) ကာ ALP သည်အကြမ်းဖက် ဖက်ဆစ်လုပ်ရပ်ကို ကျူးလွန်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ရကသ သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှု နွေဦးတော်လှန်ရေး၌ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်က ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီး မုန်လိုင်ခတ်စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုကလက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၂၉ ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်နှင့် ပူးတွဲကာ ယင်းဖြစ်စဉ်သည် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ကာ တော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံရန်သူအားအမြစ်ဖြတ်တိုက်ထုတ်နိုင်ရေး အထူးအလေး ဆောင်ရွက်သင့်ကြောင်း (https://www.facebook.com/asunion.tcom/posts/pfbid0NKTkakAsMBi4U4ffLAA1w2jruGE3bctesC4HYsFuABQkvm7qyiy6L2fx1dt7coJel) တိုက်တွန်းသည်။ထို့ပြင် အောက်တိုဘာ ၂၇ တွင် စတင်သည့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀:၂၇စစ်ဆင်ရေးအား ထောက်ခံကာ ရရာနည်းဖြင့် ပူးပေါင်း ပါဝင်သွားမည်ဟုလည်းပြည်သူ့ဝန်ထမ်းသမဂ္ဂ၊ ဧရာဝတီလူငယ်များသမဂ္ဂနှင့် ပူးပေါင်းထုတ်ပြန် (https://www.facebook.com/photo/?fbid=878176033870842&set=a.771944724493974) သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် သမဂ္ဂ၏ သဘောထားထုတ်ပြန်ချက် (https://www.facebook.com/photo/?fbid=899818118373300&set=a.771944724493974) အား ထုတ်ပြန်ရာရခိုင်ပြည်နယ်တွင်း၌ အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ၌ အကြမ်းဖက်စစ်အုပ်စုကနည်းလမ်းမျိုးစုံဖြင့် စည်းရုံးနေကြောင်း၊ ရကသ အနေဖြင့် ရက္ခိတလမ်းစဉ်အတိုင်း ချီတက်မည်ဖြစ်ကာ ဖက်ဆစ်စစ်ကျွန်ပညာရေးကို အလိုမရှိကြောင်း၊ စည်းရုံးမှုလုပ်နေသည့်ကျောင်းများ၌ကျောင်းမတက်သပိတ်မှောက်ကြောင်း ကြေညာ (https://www.facebook.com/photo/?fbid=899818161706629&set=a.771944724493974) သည်။

နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ကာ ဒီဇင်ဘာ ၃၀ ရက်တွင်"တော်လှန်ရေးလက်ဝါးကြီးအုပ် ဗိုလ်ကျစိုးမိုးရေးဝါဒ ဆန့်ကျင်ကြ"အမည်ဖြင့် အဖွဲ့ ၁၄ ဖွဲ့နှင့် ပူးပေါင်းကာ သဘောထားတစ်ရပ် (https://www.facebook.com/photo/?fbid=910771150611330&set=a.771944724493974) ထုတ်ပြန်သည်။ NUG က၎င်းလက်အောက်ခံ မဟုတ်သည့် တော်လှန်ရေးအင်အားစုများအား နယ်မြေဖြတ်သန်းခွင့်ကန့်သတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကာ တပ်ပေါင်းစုမူကို ဆန့်ကျင်ကာတော်လှန်ရေးအား ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ဘုံရန်သူကိုသာ အဓိကထား တိုက်ခိုက်ရန်လိုအပ်ကြောင်း ညီညွတ်ရေးအား ရှေ့ရှု၍ ထုတ်ပြန်တိုက်တွန်းသည်။

ကိုးကား

https://youtube.com/channel/UCjiwgkkjGgIuHd0oKTHW4Qg