အရှိုချင်း ဖက်ဒရယ်ကောင်စီ
နိုင်ငံအတွင်း ပြန့်နှံ့နေထိုင်လျက်ရှိသည့် အရှိုချင်းလူမျိုးစုများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အခြားသော ကိစ္စရပ်များအား ဦးစီးဦးဆောင် ပြုလုပ်ရန် အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ (Asho Chin National Federal Council – ACNFC) ကို ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် စတင်ဖွဲ့စည်းသည်။
နိုင်ငံအတွင်း ပြန့်နှံ့နေထိုင်လျက်ရှိသည့် အရှိုချင်းလူမျိုးစုများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အခြားသော ကိစ္စရပ်များအား ဦးစီးဦးဆောင် ပြုလုပ်ရန် အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ (Asho Chin National Federal Council – ACNFC) ကို ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် စတင်ဖွဲ့စည်းသည်။
အရှိုချင်းတိုင်းရင်းသားများမှာ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်၊ နေပြည်တော်ရှိ မြို့နယ်ပေါင်း ၃၉ မြို့နယ်၌ ပြန့်ကြဲနေထိုင်လျက်ရှိကာ စုစုပေါင်းလူဦးရေ လေးသိန်းခန့် ရှိကာ ACNFC အား မည်သူများ ဦးဆောင်ဖွဲ့စည်းသည်ကိုမူ မထုတ်ပြန်ထားသော်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရှိသည်။
မကွေးတိုင်း လွှတ်တော်သုံးရပ်မှ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများ အစုအဖွဲ့ အားလုံးနှင့် နိုဝင်ဘာ ၄ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်၍ အရှိုအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် ACNFC သို့ ဆက်သွယ်မေးမြန်း ပါဝင်နိုင်ကြောင်း ကမ်းလှမ်းခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် "မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအပေါ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့၏ သဘောထားထုတ်ပြန်ချက်" ကို အရှိုချင်းအမျိုးသားကာကွယ်ရေးတပ် (ACDF) နှင့် ပူးပေါင်းထုတ်ပြန်သည်။
မကွေးတိုင်းဒေသကြီး လွှတ်တော်သုံးရပ်သည် ချင်းတိုင်းရင်းသားအစုအဖွဲ့များအား Zoom ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအကြောင်း လုံးဝဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀ (င) မှာ လူနည်းစုတိုင်းရင်းသားများ၏ ဆန္ဒအား မျက်ကွယ်ပြုနိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ပြင်ဆင်ရမည့် ပုဒ်မ ဖြစ်ခြင်း၊ ဥပဒေ အခန်း (၃) အပိုဒ် ၆ (ဂ) ပါ "မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ အစုအဖွဲ့နှင့် ကိုယ်စားလှယ်များစာရင်း" တွင် ထည့်သွင်းသုံးစွဲထားသည့် တိုင်းရင်းသားအစုအဖွဲ့အမည် သတ်မှတ်သုံးစွဲမှု သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားပြုသုံးစွဲခဲ့သော အမည်နာမနှင့် လုံးလုံးကွဲပြားနေခြင်းကြောင့် ချင်းတိုင်းရင်းသားပြည်သူများက လုံးဝ လက်မခံနိုင်ခြင်း မရှိခြင်းကြောင့် မကွေးလွှတ်တော် ထုတ်ပြန်ကြေငြာချက်အား ချင်းတိုင်းရင်းသားအစုအဖွဲ့များမှ အသိအမှတ်ပြုခြင်း မရှိပါဟု ပါရှိသည်။
ACDF သည် အရှိုမျိုးနွယ်စုအား ကိုယ်စားပြုကာ ချင်းအမျိုးသားရေးအား လက်နက်ကိုင်လမ်းစဉ်ဖြင့် တည် ဆောက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က ဆလိုင်းတင်မောင်ဦး ကျဆုံးမှု (၄၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနေ့အား ACNFC ဦးဆောင်၍ အွန်လိုင်း၌ ပြုလုပ်ခဲ့ရာ မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းအောင်ထွန်းမင်း၊ ဒေါက်တာဆလိုင်းထွန်းသန်းတို့ ပါဝင်ခဲ့ကြသည်။ ထိုအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကလည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
မျိုးဆက်သစ် အရှိုချင်းမျိုးနွယ်စုများအတွက် ပညာသင်ဆုဆိုင်ရာ အခွင့်အလမ်းများ မျှဝေပေးခြင်းများကိုလည်း ACNFC က လုပ်ဆောင်လျက် ရှိသည်။ အကြမ်းဖက်စစ်အုပ်စုအား တော်လှန်နေသည့် ချင်းပြည်အတွင်းရှိ တပ်ဖွဲ့များအချင်းချင်းကြား သဘောထား ကွဲလွဲမှုများနှင့် ပတ်သက်၍လည်း ACNFC က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မေတ္တာရပ်ခံချက်၌ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ချင်းလဲန်းကောင်စီ (Chinland Council) ဖွဲ့စည်းခြင်းနှင့် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ - ၂၀၂၃ (Chinland Constitution 2023) ရေးဆွဲ ပြဋ္ဌာန်းမှု၊ ချင်းအမျိုးသားကောင်စီ - မင်းတပ် (Chin National Council – Mindat) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) တို့ ဖွဲ့စည်းမှု အပြင် အခြားသော အင်အားစုဖွဲ့မှုများ ရှိလာခြင်းကြောင့် ချင်းပြည်တည်ထောင်ရေး၊ ချင်းအမျိုးသား တည် ဆောက်ရန်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဖော်ဆောင်နိုင်ရန် အချင်းချင်းကြား တွေ့ဆုံဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း အဖြေရှာခြင်းနည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းကြရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။
ဆက်သွယ်ရန်
ashochinnationalfederalcouncil@gmail.com
ကိုးကား
https://www.facebook.com/profile.php?id=100093017738297
https://www.facebook.com/photo/?fbid=107091655734759&set=pb.100093017738297.-2207520000
https://www.facebook.com/photo?fbid=136159682827956&set=a.107094115734513