ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Force)သည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သော လက်နက်ကိုင်အင်အားစုဖြစ်သည်။ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးဖြစ်ပေါ်လာမည့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာသိမ်းမှုကို မလိုလားသည့် မြို့မိမြို့ဖများ၊ CDM အစုအဖွဲ့များနှင့် အခြားသော နိုင်ငံရေး အင်အားစုများ၏ သဘောတူညီဖြင့် ၂၀၂၁ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Force)သည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သော လက်နက်ကိုင်အင်အားစုဖြစ်သည်။ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးဖြစ်ပေါ်လာမည့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာသိမ်းမှုကို မလိုလားသည့် မြို့မိမြို့ဖများ၊ CDM အစုအဖွဲ့များနှင့် အခြားသော နိုင်ငံရေး အင်အားစုများ၏ သဘောတူညီဖြင့် ၂၀၂၁ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။
မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို ဖွဲ့စည်းထူထောင်ရာတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီ ၏ ပံ့ပိုးကူညီစေလွှတ်မှုဖြင့် မြောက်ပိုင်းသို့ အခြေခံစစ်ပညာ သင်ယူလာခဲ့ကြသော ရဲဘော် (၂၀၀) ကျော် အင်အားကို အဓိကအခြေခံ၍လည်းကောင်း၊ ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်)၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) များကွန်ရက်-မုံရွာ နှင့် မုံရွာခရိုင်အတွင်းရှိ ဗကသ၊ တကသ ကျောင်းသားဟောင်းများ၏ စုဖွဲ့ပေါင်းစည်းမှုအင်အားကို အမြုတေထား၍လည်းကောင်း၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပြီး ဦးဆောင်နိုင်သည့် စစ်ဦးစီးအဖွဲ့ဝင် (၇) ဦး၏ ဦးဆောင်မှုဖြင့် စုဖွဲ့ခဲ့သည်ဟု တည်ထောင်ကြောင်း ကြေညာစာတမ်းတွင်ဖော်ပြထားသည်။ ထို့နောက် ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်တို့တွင် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)အမည်ဖြင့် ထိုးဖောက်လှုပ်ရှားခဲ့ပြီး တိုက်ပွဲပေါင်း (၈၀) ကျော်ကို ရင်ဆိုင်ဆင်နွှဲနိုင်ခဲ့ကာ ရန်သူ့အင်အား (၅၀) ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟုသိရသည်။
စတင်တည်ထောင်သည့် ရည်ရွယ်ချက်(၄)ခုမှာ (၁)စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင်အမြန်တည်ဆောင်နိုင်ရေး (၂) စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော တော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်မြင့် ဖော်ဆောင်နိုင်ရေး (၃) မုံရွာဒေသရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ အကာအကွယ်ပေးနိုင်ရေး (၄) NUG၊ CRPH၊ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်ရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊
မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို ဖွဲ့စည်းထူထောင်ရာတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီတို့နှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေးစစ်ရေး၊စစ်ရေးတိုက်ပွဲများ စနစ်တကျဖော်ဆောင်နိုင်ရေးစသည်တို့ဖြစ်သည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ဗမာတစ်မျိုးသားလုံး လွတ်မြောက်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်ရေးဆိုသည့် ရည်မှန်းချက်ဖြင့် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)အား ဖျက်သိမ်းကာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယခုအခါ BLDF သည် စစ်ဒေသ(၂)ခု ဖြန့်ခွဲ့လှုပ်ရှားလျက်ရှိပြီး မုံရွာ၊ ယင်းမာပင်၊ဆားလင်းကြီး၊ချောင်းဦး၊ ဘုတလင်၊ ပုလဲ၊ ဒီပဲယင်း၊ မြောင်၊မြိုင်၊ရေစကြို စသည့်မြို့နယ်များတွင် တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များက ဦးဆောင်နေသာ Chain Of Command (CoC)တွင် အပြည့်အဝ လိုက်နာကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်ရေး လမ်းစဉ်တွင် ပါဝင်သွားမည်ဟု ကြေညာထားသည်။
စစ်ကိုင်းဒေသရှိ Local PDF များ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်မထားသော တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိကာ အတူတကွ တိုက်ပွဲဖော်ဆောင်မှုများလည်းရှိသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် ဘုတလင်မြို့နယ် စီပါရွာနှင့် ကျွဲသေချောင်းရွာအကြားရှိ မြန်မာစစ်တပ်၏ ဘီလူးစစ်ကြောင်းအား ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ သုံးနာရီခန့်တိုက်ပွဲဖြစ်ပွားခဲပြီး စစ်ကြောင်းပါအင်အား အများအပြားသေဆုံးကာ၊ သုံ့ပန်း (၃၀)ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၇၀ ကျော် သိမ်းဆည်း ရရှိခဲ့ကာ ဘီလူးစစ်ကြောင်းအား ပျက်စီးအောင် ချေမှုန်းထားနိုင်ခဲ့သည်။