အဖွဲ့အစည်းများ

ဗမာ့ပြည်တွင်းစစ်ပြတိုက်

BCMအရပ်ဘက်လူထုအဖွဲ့အစည်း

ဗမာ့ပြည်တွင်းစစ်ပြတိုက် (BurmaCivil War Museum - BCWM) ကို ဗမာ့နိုင်ငံရေးအား လူထုသမိုင်းအမြင်ဖြင့် နားလည်မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်အတွင်း စတင် တည်ထောင်ခဲ့သည်။လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်း၌ ပြည်တွင်းစစ်သမိုင်းသည်အဓိက အစိတ်အ ပိုင်းတစ်ခုဖြစ်ကာ ပြည်တွင်းစစ်နှင့် ဗမာ့နိုင်ငံရေးသမိုင်းကိုနားလည်ခြင်းသည် လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံ့အကြပ်အတည်းအားကျော်လွှားနိုင်မည်ဟု BCWMတာဝန်ခံများက ယုံကြည်သည်။

ဗမာ့ပြည်တွင်းစစ်ပြတိုက် (BurmaCivil War Museum - BCM) ကို ဗမာ့နိုင်ငံရေးအား လူထုသမိုင်းအမြင်ဖြင့် နားလည်မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်အတွင်း စတင် တည်ထောင်ခဲ့သည်။လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်း၌ ပြည်တွင်းစစ်သမိုင်းသည်အဓိက အစိတ်အ ပိုင်းတစ်ခုဖြစ်ကာ ပြည်တွင်းစစ်နှင့် ဗမာ့နိုင်ငံရေးသမိုင်းကိုနားလည်ခြင်းသည် လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံ့အကြပ်အတည်းအားကျော်လွှားနိုင်မည်ဟု BCMတာဝန်ခံများက ယုံကြည်သည်။

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးသည် BCM များ၏ရည်မှန်းချက်ဖြစ်ကာ အချက်အလက်များ စုဆောင်းခြင်း၊ ဗဟုသုတ မျှဝေခြင်းနှင့်လူမှုတရားမျှတမှု မြှင့်တင်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်ဟုထုတ်ပြန်ထားသည်။

BCWM တွင် ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်သည့် ၁၉၄၈ခုနှစ်မှစ၍ ယနေ့အချိ်နအထိ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၊လူထုလှုပ်ရှားမှု၊ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထားများ၊ ဓာတ်ပုံ၊ဗီဒီယိုမှတ်တမ်း၊ မြေပုံ၊ နှုတ်ပြောသမိုင်း (Oral History) ၊အတ္ထုပ္ပတ္တိ၊ မိန့်ခွန်း၊ သက်သေခံများ စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များအားစုစည်းထားကာ အွန်လိုင်းအခြေပြုပြတိုက်လည်း ဖြစ်သည်။

ဗမာ့ပြည်တွင်းစစ်ပြတိုက်မှာ တည်ဆောက်နေဆဲ ပြတိုက်ဖြစ်ကာ အချက်အလက်များ စုံလင်စေရန်အတွက်လည်းနည်းလမ်းပေါင်းစုံဖြင့် ရယူသိမ်းဆည်းထားကြသည့် လက်နက်ကိုင်တော်လှန်မှု၊တိုက်ပွဲမှတ်တမ်း၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊လူမျိုးရေးပဋိပက္ခဖြစ်စဉ်၊ လူထုအရေး တော်ပုံများနှင့် ပတ်သက်သည့် အချက်အလက်အထောက်အထား မှတ်တမ်းများကိုလည်း ပေးပို့နိုင်ကြောင်း BCM ကကမ်းလှမ်းထားသည်။

တည်ဆောက်နေဆဲဖြစ်သည့် BCMတွင် သမိုင်းအချက်အလက်များအနေဖြင့် "ပြည်တွင်းစစ်လေ့လာစောင့်ကြည့်မှု"၊ ပြည်တွင်းစစ်နှင့် လက်တွေ့မြေပြင်" စသည့် ကဏ္ဍများထည့်သွင်းထားသည့်အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု၌ပါဝင်လာကြသည့် CDMပြည်သူ့စစ်သားနှင့် ပြည်သူ့ရဲဝန်ထမ်းများ၏ သက်သေခံချက်များအား “မှန်ရာပြောမည်တရားမျှတမှုဆီ" အမည်ဖြင့် စာသား၊ ရုပ်သံတို့ဖြင့်လည်း ဖော်ပြထားသည်။ယင်းသက်သေခံချက်များ၌ အကြမ်းဖက်စစ်အုပ်စုလက် အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအရပ်သားပြည်သူများအပေါ် ရက်စက်စွာ ညှင်းပန်းနှိပ်စက် သတ် ဖြတ်မှု၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွင်းရှိ အကျင့်ပျက် ခြစားမှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ဘာသာရေး အခြေခံပဋိပက္ခဖန်တီးမှု ဖြစ်စဉ်များ ပါဝင်သည်။

ဗမာ့ပြည်တွင်းစစ်သမိုင်းပြတိုက် (BCM)သည် အခြားသော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ"တကယ်လား အတည်လား ?ပြည်တွင်းစစ်နှင့် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်များ ဆိုင်ရာ ပတ်သက်သောအမြင်များကို လေ့လာခြင်း စာတမ်း၊ ပြည်တွင်းစစ်နှင့် လက်တွေ့မြပြငြ်(တအာင်းပြည်နယ်) (ကရင်နီပြည်နယ်)၊ (ချင်းပြည် တောင်ပိုင်းဒေသ)၊ (မွန်ပြည်၊မွန်လူမျိုးနှင့် မွန်နိုင်ငံရေး)၊ (စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်)၊(တနင်္သာရီ)  သုံးသပ်ချက် စသည့်စာတမ်းများနှင့် ဆွေးနွေးပွဲများအား လွှင့်တင်ခြင်း၊ လူမှုကွန်ရက်၌ “ဗမာပြည်နိုင်ငံရေးဆိုင်ရာဟောပြောမှုများ - ပင်လုံလမ်းကို ပြန်လည်လျှောက်လှမ်းခြင်း" ဆွေးနွေးမှုစကားဝိုင်း၊ ပြည်တွင်းစစ် လေ့လာစောင့်ကြည့်မှု (Civil War Monitoring) ထုတ်ပြန်ချက်များကိုလည်း လွှင့်တင်ထားသည်။

ထို့ပြင်နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ဓာတ်ပုံပြပွဲများ၊ဆွေးနွေးပွဲများအပြင် လွတ်လပ် ရေးရပြီးနောက်ပိုင်း နိုင်ငံအအတွင်း ဖြစ်ပွားခဲ့သည့်နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်သမိုင်းများ၊ အထောက်အ ထား၊မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြထားသည်။

ကိုးကား

https://www.facebook.com/Burmacivilwarmuseum

https://www.burmacivilwarmuseum.org/

https://www.facebook.com/Burmacivilwarmuseum/photos/pb.100068493092802.-2207520000/1313000102498620/