Chin Civic Movement
Chin Civic Movement လှုပ်ရှားမှုသည်စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများ၊ကျောင်းသားအင်အားစုများ၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများ၊ ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်တက်ကြွလှုပ်ရှားသူများ၊ ပြည်ပရောက် ပညာတော်သင်များက စုပေါင်းဖော်ဆောင်နေသည့်လူထုအခြေပြု လှုပ်ရှားမှု တစ်ရပ် ဖြစ်သည်။
လှုပ်ရှားမှုအား ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၆ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ချင်းပြည်နယ်အရေး ဝိုင်းဝန်းအဖြေရှာမည့်လူထုရပ်ဝန်းတစ်ရပ် ဖြစ်ရန် ရည်ရွယ်ဖွဲ့စည်း လှုပ်ရှားသည်။
လှုပ်ရှားမှုများအဖြစ်"ချင်းနိုင်ငရေး အကျပ်အတည်း အဖြေရှာရေး လူထုလှုပ်ရှားမှုစကားဝိုင်း" များ ပြုလုပ်ခြင်း၊"ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံကဲ့သို့သော ကိစ္စရပ်များဆောင်ရွက်ရာ၌ ချင်းအမျိုး သားအချင်းချင်းကြား သွေးမကွဲစေရေးအတွက် သက်ဆိုင်သည့်အစုအဖွဲ့များအကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းခြင်း လူထုလှုပ်ရှားမှုခံယူချက်သဘောထား ကောက်ယူခြင်း" စသည့် လှုပ်ရှားမှုများ လုပ်ဆောင်လျက် ရှိသည်။
လက်ရှိ ချင်းပြည်နယ်အတွင်း ယခင်ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပြင် နွေဦးတော်လှန် ရေး၌ပေါ်ထွက်လာသည့် ဒေသနှင့် လူမျိုးအခြေပြု လက်နက်ကိုင် အင်အားစုများလည်း ရှိလာရာချင်းတိုင်း ရင်းသားအားလုံး လက်ခံသည့် နိုင်ငံရေး ဘုံသဘောတူညီချက် မရရှိသေးပေ။
CMM တွင် မည်သည့်အဖွဲ့အစည်းများ ပါဝင်သည်ကို တိကျစွာဖော်ပြထားခြင်း မရှိသော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည့်"အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသော ချင်းတော်လှန်ရေးတပ်ဖွဲ့ အ ချင်းချင်းကြားဖြစ်ပွားသည့် ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့် အဖြေရှာကြရန်မေတ္တာရပ်ခံခြင်း" ကြေညာချက်အား အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် (၅၄၅) ဦးတို့ကထောက်ခံလက်မှတ်ရေးထိုး တိုက်တွန်းခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကလည်းချင်းတော်လှန်ရေးအင်အားစုများနှင့် ချင်းပြည်သူများသို့တိုက်တွန်းနှိုးဆော်ချက်ကိုလည်း အချက် (၂) ချက်ဖြင့် ထုတ်ပြန်ထားသည်။ချင်းတော်လှန်ရေးအင်အားစုများအကြား စစ်ရေးအရ အောင်မြင်မှု ထိုက်သင့်သလောက်ရှိသော်လည်း နိုင်ငံရေးကဏ္ဍ၌ စိန်ခေါ်မှုများ ရှိကာ ၎င်းအားကျော်လွှားနိုင်ရေးအတွက် ချင်းပြည်သူများ အနာဂတ်ကို ရှေးရှုကာ အင်အားစုများအကြားငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ပြည်တွင်းပြည်ပရှိ ချင်းပြည်သူများအနေဖြင့်လည်း အင်အားစုများအကြားသဘောထားကွဲလွဲမှု များကြောင့် ချင်းပြည်သူအချင်းချင်းအကြား စုစည်းညီညွတ်မှုမထိခိုက်စေရန်နှင့် ညီညွတ်မှု ပိုမိုအားကောင်းစေရေး ဝိုင်းဝန်းအားပေးကြပါရန်တိုက်တွန်းထားသည်။
ကိုးကား
https://www.facebook.com/photo/?fbid=122111504072185452&set=pb.61555563562086.-2207520000
https://www.facebook.com/chincivicmovement/posts/pfbid0wN644DVrZxp8ZDnn9PW87J7H8r4vAp6TtW12RC4QmHZoCMiKRGtXcnMBzYqddVN1l