ကရင်နီပြည်နယ် ကြားကာလလွှတ်တော်
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန် လစ်ဟာနေသည့် ကရင်နီပြည်နယ် နိုင်ငံရေးအခန်းကဏ္ဍအား ဦးဆောင်ရန်ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KCSS) ဖွဲ့စည်းစဉ်၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစုအဖွဲ့အဖြစ်ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းခြင်းမရှိသည့် ကိုယ်စားလှယ်များဆက်လက်ပါဝင်နိုင်ရေးအတွက် ကရင်နီပြည်နယ် ကြားကာလ အစီအမံ၌"ဥပဒေပြုရေးကော်မတီ" အား ထည့်သွင်းပြဌာန်းသည်။ကော်မတီအား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာသည်နိုင်ငံ့မဏ္ဍိုင်သုံးရပ်တွင် ပါသည့်အတွက် "ကရင်နီပြည်နယ်ကြားကာလလွှတ်တော်" အဖြစ် အမည်ပြောင်းလဲ သုံးစွဲရန် KSCC ကအဆိုပြုတင်သွင်းရာ မူအရ သဘောတူညီချက်ဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင်"ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်" အဖြစ် ရပ်တည်ကြောင်း (https://www.facebook.com/photo/?fbid=240675132362260&set=a.195751356854638) ထုတ်ပြန်သည်။ လွှတ်တော်အား ၂၀၂၀ ရွေးကောက်ပွဲ၌အနိုင်ရခဲ့သည့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကနီဦး ဖွဲ့စည်းကာ ဥက္ကဌမှာ ဦးဌေးအောင် (https://www.facebook.com/photo/?fbid=240675112362262&set=pb.100092593235157.-2207520000) ဖြစ်သည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန် လစ်ဟာနေသည့် ကရင်နီပြည်နယ် နိုင်ငံရေးအခန်းကဏ္ဍအား ဦးဆောင်ရန်ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KCSS) ဖွဲ့စည်းစဉ်၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစုအဖွဲ့အဖြစ်ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းခြင်းမရှိသည့် ကိုယ်စားလှယ်များဆက်လက်ပါဝင်နိုင်ရေးအတွက် ကရင်နီပြည်နယ် ကြားကာလ အစီအမံ၌"ဥပဒေပြုရေးကော်မတီ" အား ထည့်သွင်းပြဌာန်းသည်။
ကော်မတီအား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာသည်နိုင်ငံ့မဏ္ဍိုင်သုံးရပ်တွင် ပါသည့်အတွက် "ကရင်နီပြည်နယ်ကြားကာလလွှတ်တော်" အဖြစ် အမည်ပြောင်းလဲ သုံးစွဲရန် KSCC ကအဆိုပြုတင်သွင်းရာ မူအရ သဘောတူညီချက်ဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင်"ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်" အဖြစ် ရပ်တည်ကြောင်း (https://www.facebook.com/photo/?fbid=240675132362260&set=a.195751356854638) ထုတ်ပြန်သည်။ လွှတ်တော်အား ၂၀၂၀ ရွေးကောက်ပွဲ၌အနိုင်ရခဲ့သည့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကနီဦး ဖွဲ့စည်းကာ ဥက္ကဌမှာ ဦးဌေးအောင် (https://www.facebook.com/photo/?fbid=240675112362262&set=pb.100092593235157.-2207520000) ဖြစ်သည်။
လွှတ်တော်လုပ်ငန်းစဉ် ငါးရပ် (https://scontent-sjc3-1.xx.fbcdn.net/v/t39.30808-6/402927562_240675105695596_4215636615744376206_n.jpg?stp=cp6_dst-jpg&_nc_cat=105&ccb=1-7&_nc_sid=dd5e9f&_nc_ohc=jYfdH5oHx2YAX9G_s38&_nc_ht=scontent-sjc3-1.xx&cb_e2o_trans=t&oh=00_AfAxtPenEojjTgy0-s7ntZNWOK4IrDUmupzgrvPQPHjNBQ&oe=65DD372B) ချမှတ်ထားကာအာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်ရပ်တည်သည်။
လွှတ်တော်သည် ကြားကာလ အစီအမံအရ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IECအတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် စတင်လုပ်ဆောင်သည်။
ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်၏ ပုံမှန်အစည်းအဝေးအား ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ ၁၅ ဦးအနက် ၁၄ ဦး တက်ရောက်သည်။ယင်းအစည်းအဝေး၌ ပြည်သူ့ရေးရာကော်မတီအား အဖွဲ့ဝင် ၁၁ ဦး၊ ပြည်သူ့ဘဏ္ဍာငွေစောင့်ကြည့်စစ်ဆေးရေးကော်မတီအား ကိုးဦးဖြင့် ဖွဲ့စည်းသည်။ (https://www.facebook.com/photo/?fbid=659028859735843&set=a.536887995283264) ရဲဌာနဥပဒေနှင့် ကြားကာလ တရားစီရင်ရေးဥပဒေ မူကြမ်းများကိုပါဥပဒေကြမ်းရေးဆွဲရေးနှင့် စိစစ်ရေးကော်မတီက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီးနောက်အတည်ပြုပေးသည်။
ကရင်နီပြည်နယ်၊ ကြားကာလ အစီအမံအရ ပြဌာန်းသည့်"ကရင်နီပြည်နယ် ရဲဌာနဥပဒေ" (https://www.facebook.com/photo/?fbid=251030824660024&set=a.195751356854638) သည် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပြည်သူပူးပေါင်းပါဝင်မှု အားကောင်းကာ စွမ်းဆောင်ရည်မြင့်သည့်ပြည်နယ်ရဲဌာနအဖြစ် ရပ်တည်လုပ်ဆောင်ရန်၊ နယ်မြေဒေသခံများနှင့် ပူးပေါင်း၍ ပြည်သူဗဟိုပြု ဝန်ဆောင်မှု ဆောင်ရွက်ရန်နှင့် ရာဇဝတ်မှုများ ကြိုတင်ကာကွယ်ရေးအတွက်ဖြစ်သည်။
"ကရင်နီပြည်နယ်ကြားကာလ တရားစီရင်ရေးဥပဒေ" (https://scontent-sjc3-1.xx.fbcdn.net/v/t39.30808-6/408121352_251034277993012_2045382891113590324_n.jpg?_nc_cat=100&ccb=1-7&_nc_sid=dd5e9f&_nc_ohc=R5MGryHTamsAX-vobVl&_nc_ht=scontent-sjc3-1.xx&cb_e2o_trans=t&oh=00_AfC-zWIKEAROSgJ3eEe4QB-HxQ1vEPVHYkX9uKuYCdfrrQ&oe=65DE653C) ကိုပါဆက်လက်ပြဌာန်းသည်။ လွတ်လပ်သော တရားစီရင်ရေးဖြစ်ကာ အချက်ငါးရပ်ကို အခြေခံ၍စီရင်ရမည် (https://scontent-sjc3-1.xx.fbcdn.net/v/t39.30808-6/408099001_251034431326330_1558477101845835008_n.jpg?_nc_cat=107&ccb=1-7&_nc_sid=dd5e9f&_nc_ohc=KlZc1HwAdIgAX8K-3WV&_nc_ht=scontent-sjc3-1.xx&cb_e2o_trans=t&oh=00_AfCjvQ0AxWJVmuAPFucXH_Sx9AgKiv08UfSfXGJem22kzg&oe=65DD817D) ဟု ဥပဒေ၌ဖော်ပြထားသည်။ တရားစီရင်ရေးယန္တရားအတွက် ပြည်နယ်တရားရုံးချုပ်အား တရားသူကြီးသုံးဦး မှ အများဆုံး ငါးဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။ ဥပဒေအရ ရိုးရားဓလေ့ထုံးတမ်းတရားစီရင်မှုအတွက် စံတန်ဖိုးများကို သတ်မှတ်ပေးကာ စီရင်ဆောင်ရွက်နိုင်ကြောင်းထည့်သွင်းပြဌာန်းပေးထားသည်။ စစ်ဘက်ဆိုင်ရာ ပြစ်မှုများအား သီးခြားစီ တရားစီရင်ရမည်ဖြစ်ကာ စစ်ဘက်-အရပ်ဘက် ဆက်စပ်သည့် ပြစ်မှုများအား အရပ်ဘက်၌သာ စီရင်ရမည်ဟုလည်းဥပဒေ၌ ပါရှိသည်။ အဆိုပါ ဥပဒေနှစ်ရပ်အား ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ဥက္ကဌခူဦးရယ်က လက်မှတ်ထိုး ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၉ ရက်တွင် ကြားကာလလွှတ်တော် အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ၁၅ ဦးအနက် ၁၄ ဦး တက်ရောက်သည်။ အစည်းအဝေး၌ ကရင်နီပြည်နယ် တရားရုံးချုပ်ပြည်နယ်တရားသူကြီးများ စိစစ်ရွေးချယ်ရေးကော်မရှင်က ပြည်နယ်တရားသူကြီးအဖြစ်ခူးပိုးရယ်နှင့် ခွန်းမာရ်ကိုတို့အား အမည်စာရင်းတင်သွင်းမှု (https://www.facebook.com/photo/?fbid=672287265076669&set=a.536887995283264) အပေါ်ဆွေးနွေးအတည်ပြုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကရင်နီပြည်နယ်ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ဆီးအီနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းဆောင်များနှင့် လူနေအိမ်များအပေါ် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနှင့်မြေပြင်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်သဖြင့် အရပ်သား ခုနစ်ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့မှုသည် ကုလသမဂ္ဂုံခြု့ရေးကောင်စီ ဆုံးဖြတ်ချက် (S/RES/1998, 2143 and2225) အရ တားမြစ်ထားသည့် ပြင်းထန်ဆိုးဝါးသော ရာဇဝတ်မှုကို စနစ်တကျကျူးလွန်သည့် လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့အားအပြစ်ပေးနိုင်ရေးနှင့် သေဆုံးထိခိုက်သည့် ပြည်သူများအတွက် တရားမျှတမှုရရှိစေရန်တောင်းဆိုကြောင်း ၁/၂၀၂၄ (https://www.facebook.com/photo/?fbid=694443719527690&set=a.536887988616598) ဖြင့် ထုတ်ပြန်သည်။
ဆက်သွယ်ရန်
ksip@karennistate.org