ကလေးဒေသ တော်လှန်ရေးတပ်
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)ကို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကလေးဒေသ၏ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းတလျှောက်တွင် အစဉ်အမြဲ မားမားမတ်မတ် ပေးဆပ်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များဖြင့် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တည်ထောင်ခဲ့သည်ဟု ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကလေးဒေသ တော်လှန်ရေတပ်သည် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တည်ရှိခဲ့သော ကလေးဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကလေးဒေသ အထူးလှုပ်ရှားတပ်ရင်းမှ တပ်ဖွဲ့ဝင်များ နှုတ်ထွက်ကာ ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)အဖြစ် ပြန်လည်စုဖွဲ့ခဲ့သည်ဟု သိရှိရသည်။
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)ကို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကလေးဒေသ၏ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းတလျှောက်တွင် အစဉ်အမြဲ မားမားမတ်မတ် ပေးဆပ်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များဖြင့် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တည်ထောင်ခဲ့သည်ဟု ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကလေးဒေသ တော်လှန်ရေတပ်သည် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တည်ရှိခဲ့သော ကလေးဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကလေးဒေသ အထူးလှုပ်ရှားတပ်ရင်းမှ တပ်ဖွဲ့ဝင်များ နှုတ်ထွက်ကာ ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)အဖြစ် ပြန်လည်စုဖွဲ့ခဲ့သည်ဟု သိရှိရသည်။
စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းနိုင်ရေးနှင့် တရားမျှတလွတ်လပ်သော နိုင်ငံတော် အသစ်တစ်ရပ် ပေါ်ထွန်းလာနိုင်ရေးအတွက် ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး (၂၀၂၅)ခုနှစ် မေလ (၅)ရက်နေ့တွင် မူဝါဒရပ်တည်ချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများအားလုံးအပေါ်တွင် နှစ်ပေါင်းများစွာ ဖိစီးနှိပ်စက်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို ယခုတော်လှန်ရေးမှ အဆုံးသတ်နိုင်မည်ဟု ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF) အနေဖြင့် ယုံကြည်သည်။ ထို့အပြင် စစ်အာဏာရှင်စနစ်နှင့်အတူ လက်နက်အားကိုးဝါဒ၊ လူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ နှင့် အားကြီးသူသာ အစဉ်အမြဲ အနိုင်ရစိုးမိုးသော အခြေအနေတို့ကို အဆုံးသတ်စေ၍ လွတ်လပ်သော၊ တန်းတူညီမျှသော၊ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တော်လှန်ရေးက ဦးတည်နေသည် ယုံကြည်ကြောင်း မူဝါဒရပ်တည်ချက် ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)၏ မူဝါဒရပ်တည်ချက်စာတမ်းတွင် နိုင်ငံရေးမူဝါဒ (၉)ချက်နှင့် စစ်ရေးမူဝါဒ(၉)ချက်တို့ကိုလည်း ဖော်ပြထားသည်။ နိုင်ငံရေးမူဝါဒများမှာ
(၁) ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုတော်လှန်ရေးလမ်းပြမြေပုံအဖြစ် နားလည်လက်ခံပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ နိုင်ငံရေးဦးဆောင်မှုကို လက်ခံယုံကြည်ထားသည်။
(၂) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲစနစ်ဖြင့် ပြည်သူများ အစဉ်အမြဲထိန်းကြောင်းနိုင်သော အုပ်ချုပ်ရေးစနစ်၊ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ပေးနိုင်သော ဥပဒေပြုစနစ်မှင့် အဂတိကင်း၍ ပွင့်လင်းမြင်သာမှုရှိသော တရားရေးစနစ်တို့ပါဝင်သည့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF) အနေဖြင့် လိုလားသည်။
(၃) လူမျိုးစုများနှင့် ဒေသန္တရအကျိုးစီးပွား ၊နိုင်ငံသား တဦးတယောက် ခြင်းစီ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် ဒီမိုကရေစီစနစ်၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် မျှဝေမှုများကို အခြေခံသည့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)က မျှော်မှန်းသည်။
(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ရာတွင် ဒေသခံလူထုဆန္ဒသ ဘောထားအရ သော်လည်းကောင်း၊ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုရသော်လည်းကောင်း၊ သမိုင်းဆိုင်ရာ အကြောင်းအရင်းများကြောင့်သော်လည်းကောင်း ပြည်နယ်အသစ်များ ဖက်ဒရယ်ယူနစ်အသစ်များ ဖွဲ့စည်းခြင်း ပေါ်ပေါက်လာခြင်းကို ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)က မူအားဖြင့် လုံးဝမဆန့်ကျင်ပေ။
(၅) စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ယန္တရားအသုံးသတ်နိုင်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးသည် တိုက်ပွဲနည်းနားတစ်ခုဖြစ်သည်ဟု ယူဆထားပြီး လက်နက်ကိုင်တော်လှန်ရေးသည် ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)၏ ပင်မတိုက်ပွဲနည်းနားဖြစ်သည်။
(၆) CDM လှုပ်ရှားမှု၊ လူထုသပိတ်များ၊ အလုပ်သမား၊လယ်သမား၊ကျောင်းသားတို့၏ တိုက်ပွဲများ အားလုံးကို လူထုလှုပ်ရှားမှုဟု လက်ခံထားပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲနည်းနာများဟု ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)က ယုံကြည်သည်။
(၇) စစ်အာဏာရှင်စနစ်အဆုံးမသတ်မှီ ကြားကာလအတွင်း “ကာကွယ်ရေး၊ လူထုလှုပ်ရှားမှု၊ အုပ်ချုပ်ရေ” ဟူသည့် သုံးနားညီ ချည်းကပ်မှုဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးအခြေပြု အုပ်ချုပ်ရေးမှ တဆင့် ဥပဒေအခြေပြုသော အုပ်ချုပ်ရေးသို့ တည်ဆောက်ခြင်း အဆင့်ဆင့်ကို ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်။
(၈) လွတ်လပ်မျှတသော နိုင်ငံတော်အသစ်ဆီသို့ချီတက်ရာတွင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (Transitional Justice)ကိုလည်း အဖွဲ့အစည်းအားလုံး အစစ်အဆေးခံ ဖြတ်ကျော်ရမည်ဟု လက်ခံယုံကြည်ပြီး ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF) အနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်။
(၉) ပြည်တွင်းစစ်သည် စစ်အာဏာရှင်စနစ်နှင့်အတူ လက်နက်အားကိုးဝါဒ၊ လူမျိုးကြီးဝါဒ၊ နှင့် အားကြီးသူသာ အနိုင်ရစတမ်း အတွေးအခေါ်တို့ကြောင့်ဖြစ်သဖြင့် ထိုအရာများကိုတိုက်ဖျက်ကာ သာတူညီမျှမှု၊တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှု အနှစ်သာရများကို လက်ကိုင်ပြုလျက် ပြည်တွင်းစစ်ချုပ်ငြိမ်းကာ ငြိမ်းချမ်းမှုတည်တံ့ရေးတွင် ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)က ပါဝင်ပူးပေါင်းသွားမည်ဖြစ်သည်ဟု မူဝါဒကြေညာစာတမ်းတွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုယန္တရားများတွင် အဓိကပါဝင်နေသူများကို စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများနှင့်အညီ ကာကွယ်ရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများကို ဖော်ဆောင်သွားမည်။ ကလေးဒေသကို အဓိက အခြေပြုလှုပ်ရှားမည်ဖြစ်ပြီး ကလေးဒေသနှင့် ပထဝီအရ တဆက်တည်းရှိသည့် ကလေးကဘော်ဒေသ၊ ယောဒေသနှင့် ချင်းတောင်တန်းတို့ရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းကာ မဟာဗျူဟာကျကျ လှုပ်ရှားသွားမည်ဖြစ်သည်။ ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် ချင်းညီနောင် (Chin Brotherhood) ၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီတို့နှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိကာ အပြန်အလှန် သဝဏ်လွှာပို့မှုများ ပူးပေါင်းဆောင်ရွက်မှုများရှိသည်ကို တွေ့ရှိရသည်။
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် ဗဟိုကွပ်ကဲရေးအဖြစ် ကွပ်ကဲရေးရုံးအားထားရှိပြီး ကွပ်ကဲရေးရုံးအောက်တွင် လက်ရုံးဌာများအဖြစ် နိုင်ငံရေးဌာန၊ ဆေးတပ်လုပ်ငန်းဌာန၊ တပ်သားသစ်စုဆောင်းရေးဌာန၊ ဘဏ္ဌာရေးဌာနနှင့် ထောက်ပံ့ပိုဆောင်ရေးဌာနတို့တည်ရှိပြီး တပ်ရင်းတပ်ဖွဲ့များသည်လည်း ကွက်ကဲရေးရုံးအောက်တွင် တည်ရှိသည်။ ထို့အပြင် ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းသွားပါက လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး(Security Sector Reform-SSR) ကို အဓိကလိုအပ်သည်ဟု အပြည့်အဝယုံကြည်ပြီး လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတစ်ရပ်လုံးသည် အရပ်ဘက်အုပ်ချုပ်မှုအောက်တံင် လုံးဝတည်ရှိရမည်ဟု မျှော်မှန်ထားကြောင်း စစ်ရေးမူဝါဒတွင် ဖော်ပြသည်။
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တပြည်လုံး မဟာဗျူဟာဆိုင်ရာ အကောင်အထည်ဖော်မှုများတွင်လည်း ပါဝင်သွားမည်ဟု စစ်ရေးမူဝါဒများတွင် ဖော်ပြထားသည်။ ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ရှိသော လက်နက်ကိုင်တပ်ဖွဲ့မဟုတ်ပေ။ တော်လှန်ရေးကာလ(ကြားကာလ) ပြီးမြောက်ပါက အသွင်ကူးပြောင်းရေးကာလတွင် ဦးဆောင်မည့်အစိုးရက စတင်အကောင်အထည် ဖော်မည့် ပြည်ထောင်စုကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု ရပ်တည်ချက် ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)သည် (၂၀၂၄)ခုနှစ် နိုဝင်ဘာတွင် စတင်ခဲ့သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ဦးဆောင်သော ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အခြားမဟာမိတ်များနှင့် အတူပါဝင်ခဲ့ပြီး တိုက်ပွဲကာလ (၅)လလုံးတွင် ပါဝင်ခဲ့ပြီး ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force-KRF)မှ တပ်ဖွဲ့ဝင် (၅)ဦးကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင် (၂၃)ဦး ထိခိုက်ဒဏ်ရာရှိခဲံသည်ဟု ဖော်ပြထားသည်။ တပ်ဖွဲ့တည်ဆောက်မှုအဖြစ် အခြေခံစစ်ပညာသင်တန်း (၂)ခုအားဖွင့်လှစ်ထားခဲ့ပြီး လက်ရှိအချိန်တွင် ကလေးဒေသရှိ အခြားကာကွယ်ရေးတပ်များနှင့်အတူ ဆက်လက်လှုပ်ရှားတိုက်ပွဲဝင်လျက်ရှိသည်။