အမျိုးသားလွတ်မြောက်ရေးတပ်တော်
(National Liberation Army - NLA) သည် စစ်ကိုင်းဒေသ အနောက်မြောက်ပိုင်း တမူးကဘော်ဒေသတွင် အခြေစိုက်သော လက်နက်ကိုင်အင်အားစုတစ်ခုဖြစ်ပြီး တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)အဖြစ် ရပ်တည်ခဲ့သော်လည်း (၂၀၂၃)ခုနှစ် မတ်လ (၅)ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် ရည်မှန်းချက် (၇)ချက် မူဝါဒ (၅)ချက်နှင့် အခြေခံကာဖွဲ့စည်းထားပြီး ရည်မှန်းချက် (၇)ချက်မှာ
(National Liberation Army - NLA) သည် စစ်ကိုင်းဒေသ အနောက်မြောက်ပိုင်း တမူးကဘော်ဒေသတွင် အခြေစိုက်သော လက်နက်ကိုင်အင်အားစုတစ်ခုဖြစ်ပြီး တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)အဖြစ် ရပ်တည်ခဲ့သော်လည်း (၂၀၂၃)ခုနှစ် မတ်လ (၅)ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် ရည်မှန်းချက် (၇)ချက် မူဝါဒ (၅)ချက်နှင့် အခြေခံကာဖွဲ့စည်းထားပြီး ရည်မှန်းချက် (၇)ချက်မှာ
(၁) အာဏာရှင်စနစ်ကျဆုံးပြီး ဗမာပြည်သူလူထုတစ်ရပ်လုံး အဖိနှိပ်ခံ အာဏာရှင်၏ကျွန််ဘဝမှ လွတ်မြောက်ရေး
(၂) လူမျိုးကြီးဝါဒ ပပျောက်ချုပ်ငြိမ်းပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရရှိရေး
(၃) အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံနွေးထွေးစွာ ထိန်းသိမ်း၊ကာကွယ်၊စောင့်ရှောက်နိုင်ရေး
(၄) အနာဂတ်ကာလ ပြည်ထောင်စုသစ်တွင် အမျိုးသားတန်းတူညီမျှမှုရရှိ၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ အားလုံးပါဝင်ပြီး ဗမာပြည်နယ်ဖွဲ့စည်းသတ်မှတ်ကာ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်ပြီး ဗမာပြည်နယ်ဖွဲ့စည်းသတ်မှတ်ကာ တိုင်းရင်းသားလူမျိုးများ ပါဝင်ကိုယ်စားပြုသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်နိုင်ရေး
(၅) ဖြစ်ထွန်းပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ပြည်ထောင်စု၏ တိုင်းရင်းသားများအားလုံး မိမိတို့ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဉပဒေပြဌာန်းခွင့်၊ တရားစီရင်ခွင့်တို့နှင့်အတူ လွတ်လပ်စွာ ကိုးကွယ်နိုင်သည့် အခြေခံမူဝါဒများရေးဆွဲနိုင်ရေး
(၆) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်၏ တရားဉပဒေနှင့်ညီသော ပြည်သူတစ်ဦးချင်းစီတိုင်း အခွင့်အရေးဖြစ်သည့် အသားအရောင်ခွဲခြားခြင်း၊ လိင်စိတ်ကွဲပြားမှုကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိသည့် လူ့အခွင့်အရေးများကို အပြည့်အဝရရှိနိုင်စေရေး
(၇) အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စု၏အချုပ်အခြာအာဏာကို အပြည့်အဝကာကွယ်နိုင်သော ဖက်ဒရယ်တပ်မတော်တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်ရေး တို့ဖြစ်ပြီး မူဝါဒ (၅)ချက်မှာ (၁) ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကာကွယ်စောင့်ရှောက်မည်။ (၂) တိုင်းရင်းသားညီအကို မောင်နှမများအကြားရှိ ချစ်ကြည်ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ (၃) ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု အပေါ်သစ္စာစောင့်သိ လိုက်နာရမည်။ (၄) တပ်ဖွဲ့ဝင်များသည် မည်သည့်နိုင်ငံရေးပါတီဝင်မှ မဖြစ်ရ၊ နိုင်ငံရေးပါတီ/လူပုဂ္ဂိုဟ်/နိုင်ငံတစ်ခု၏ သြဇာခံမဖြစ်စေရ (၅) လူမျိုးဘာသာ/အသားအရောင်/လိင်နှင့်လိင်စိတ်ခံယူမှုကို အခြေခံ၍ ခွဲခြားဆက်ဆံမှု (လုံးဝ)မပြုလုပ်ရ ဟူသည့် မူဝါဒများကို ပြဌာန်းထားသည်။
လုပ်ဆောင်ချက်များအဖြစ်
(၁) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သတ်ဖြတ်နေသော အာဏာရှင်စနစ်ဆိုးကို လက်ကိုင်ပြုထားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းးများအား ဘုံရန်သူအဖြစ် အမြတ်ဖြတ်ချေမှုန်းသွားမည်။
(၂) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူ့အာဏာတည်မြဲမှုတို့ကို ကာကွယ်စောင့်ရှောက်သွားမည်။
(၃) ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတပ်မတော် တည်ထောင်နိုင်ရန်အတွက် ဘုံရည်မှန်းချက်တူညီသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေသတွင်းတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EROs)များနှင့်အတူ မဟာမိတ်အဖြစ်လက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်။
(၄) ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ်တည်ထောင်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုများ လက်ခံနိုင်သည့် နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ အာမခံချက် ခိုင်မာစွာပါဝင်သော အခြေခံဉပဒေသစ်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းနှင့်မဆို အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်
(၅)ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးတွင် ကြားကာလအစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။
(၆) ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သော ဖက်ဒရယ်ဒီမိုကရေစီ အရပ်သားအစိုးရ၏ ပြည်ထောင်စုသစ်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ဆက်လက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် တို့အား လုပ်ဆောင်သွားမည်ဟု ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းအရ ပြဌာန်းဖော်ပြထားသည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် တမူးဒေသတွင် အင်အားကောင်းသော အဖွဲ့အစည်းဖြစ်ကာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အဖြစ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် နီးကပ်သည့်ဆက်ဆံရေးရှိကာ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းတွင်ပါဝင်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဦးဆောင်ဖော်ဆောင်ခဲ့သော တမူးခရိုင်အတွင်းရှိ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့ မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) နှင့်လည်း ဆက်ဆံရေးထူထောင်ထားကာ အထက်ချင်းတွင်းဒေသ ( Upper Chindwin Region-UCR)ဟူသည့် ဒေသအခြေပြု မဟာမိတ်စာချွန်လွှာရေးထိုးထားသည်။ ထို့အပြင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် နိုင်ငံရေးအစုအဖွဲ့အဖြစ် စစ်ကိုင်းဖိုရမ်တွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။