New Society Army
လူ့ဘောင်သစ်တပ်မတော် (New Society Army)သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ လက်အောက်ခံတပ်မတော်ဟု ယူဆရသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ပါတီ၏ လူငယ်အဖွဲ့အစည်းဖြစ်သော လူ့ဘောင်သစ်လူငယ်တို့နှင့် ဆင်တူသော ထပ်လျက်ရှိသော ကြယ်လေးလုံး အမှတ်တံဆိပ်အား သုံးစွဲထားသည်။ ထို့အပြင် ပါတီ၏ ဆောင်ပုဒ်ဖြစ်သော “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟူသော ဆောင်ပုဒ်ကိုလည်း တပ်ဖွဲ့ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင်ထားသည်။
လူ့ဘောင်သစ်တပ်မတော် (New Society Army)သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ လက်အောက်ခံတပ်မတော်ဟု ယူဆရသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ပါတီ၏ လူငယ်အဖွဲ့အစည်းဖြစ်သော လူ့ဘောင်သစ်လူငယ်တို့နှင့် ဆင်တူသော ထပ်လျက်ရှိသော ကြယ်လေးလုံး အမှတ်တံဆိပ်အား သုံးစွဲထားသည်။ ထို့အပြင် ပါတီ၏ ဆောင်ပုဒ်ဖြစ်သော “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟူသော ဆောင်ပုဒ်ကိုလည်း တပ်ဖွဲ့ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင်ထားသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)သည် ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးမှ မြစ်ဖျားခံကာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးနှင့် ကျောင်းသားလူငယ်များဦးဆောင်ကာ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နဝတ စစ်အစိုးရမှ ပါတီအား ဖျက်သိမ်းခဲ့သဖြင့် မြေအောက်ပါတီအဖြစ် ရပ်တည်ခဲ့ကာ (၂၀၁၂)တွင် ပြန်လည်မှတ်ပုံတင်ကာ မြေပေါ်ပါတီအဖြစ် (၇)နှစ်တာ ရပ်တည်ခဲ့ပြီး (၂၀၁၅)အထွေထွေရွေးကောက်ပွဲ၊ (၂၀၂၈)ကြားဖြတ်ရွေးကောက်ပွဲ နှင့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ ပါတီ၏ လူငယ်အဖွဲ့အစည်းဖြစ်သော လူ့ဘောင်သစ်လူငယ်(YNS)သည်လည်း မြန်မာစစ်တပ်အပါအဝင် အစိုးရအဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ဆန့်ကျင်ခဲ့သည်။
(၂၀၂၁)ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)သည် အထွေထွေသပိတ်ကော်မတီ(GSC)တွင်ပါဝင်လာခဲ့သည်။ (၂၀၂၁)ခုနှစ် မတ်လအတွင်း မြန်မာစစ်တပ်၏ ဆန္ဒပြမှုများ ဖြိုခွင်းခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ပျောက်ကျားသပိတ်များတွင်လည်း လူ့ဘောင်သစ်လူငယ်အချို့ ဦးဆောင်ပါဝင်ခဲ့ကြသည်။ (၂၀၂၃)ခုနှစ် မတ်လတွင် အာဏာသိမ်းစစ်အုပ်စုမှ ပါတီမှတ်ပုံတင်ခြင်း အကြောင်းပြချက်ဖြင့် ပါတီစာရင်းမှ ပယ်ဖျက်ခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) (၂၀၂၀)ရွေးကောက်ခံကိုယ်စားလှယ်အချို့နှင့် မဟာမိတ်ပါတီများက ဖွဲ့စည်းထားသော ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF)တွင် အဖွဲ့ဝင်ဖြစ်သည့်အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တွင် ပါဝင်နေသော တစ်ခုတည်းသောပါတီဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အနေဖြင့် နိုင်ငံရေးပါတီအဖြစ်သာ ဆောင်ရွက်ခဲ့သော်လည်း နွေဦးတော်လှန်ရေးကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည်ကို တိတိပပ ထုတ်ဖော်ပြောကြား ထားခြင်းမရှိပေ။ လူ့ဘောင်သစ်တပ်မတော် (NSA) အနေဖြင့်လည်း လူမှုကွန်ယက်စာမျက်နှာ လွင့်တင်ခြင်းမရှိသည့်အပြင် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းများ ပြုလုပ်သည်ကိုလည်း မတွေ့ရှိရပေ။ သို့သော် (၂၀၂၄)ခုနှစ်အတွင်း အာရက္ခတပ်တော်၏ ရခိုင်ပြည်နယ်တိုက်ပွဲများပြင်းထန်နေချိန်တွင် မကွေးဒေသအတွင်းရှိ မြန်မာစစ်တပ်တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ စစ်ကူလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ရခိုင်ပြည်နယ်မှ စွန့်ခွာထွက်ပြေးလာသော စစ်သုံ့ပန်းများအား ဖမ်းဆီးခြင်းလုပ်ငန်းများကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့နှင့်အတူ ပူးပေါင်းကာ ပါဝင်တိုက်ခိုက်ခဲ့သည်။
(၂၀၂၄)ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် မင်းဘူး- အမ်း လမ်းမအနီးရှိ လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည်ထွက်လာသော မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခြင်း၊ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းပွဲမှ ထွက်ပြေးလာသော မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်တပ်ဖွဲ့ဝင် ဗိုလ်ကြီး (၁) ဦးအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း (၁၂) ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ လူ့ဘောင်သစ်တပ်မတော် (New Society Army)သည် ကရင်နီဒေသတွင်လည်း စစ်ဒေသခွဲတစ်ခု ဖြန့်ခွဲထားသည်။ ကရင်နီဒေသတွင် အခြေခံစစ်သင်တန်းတစ်ခုဖွင့်လှစ်ထားကာ (၂၀၂၅)ခုနှစ် သြဂုတ်လတွင် စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး ဒေသခံလက်နက်ကိုင် ခေါင်းဆောင်အချို့တက်ရောက်ခဲ့ကြသည်။