အဖွဲ့အစည်းများ

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ

PRCFနိုင်ငံရေးပါတီ

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးနောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (United NationalitiesAlliance – UNA) အဖွဲ့ဝင် ပါတီအချို့က စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ရန်အတွက်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး ပြည်သူ့ကော်မတီ(PeopleRepresentative for Federal - PRF) ဖွဲ့စည်းရန် ပြင်ဆင်သည်။ UNA သည် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခုဖြင့်ဖွဲ့စည်းထားသည့် မဟာမိတ်အင်အားစု (https://www.facebook.com/UnitedNationalitiesAlliance/posts/pfbid02fV1z9dbbu4FfqvQeLAXRJC3ZPfRvYWk4MzJNRVJbyRDcwkrvCNsUUxdgBjBoJLerl) တစ်ခု ဖြစ်သည်။မတ် ၁၈ ရက်တွင်ကော်မတီအား "ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s RepresentativeCommittee for Federal – PRCF) အဖြစ် ပြောင်းလဲခေါ်ဝေါ်ကာ အခြေအနေအရပ်ရပ် ကြောင့် UNA အဖွဲ့ဝင်အဖွဲ့အစည်းအချို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်တွင် UNA အစည်းအဝေးခေါ်ပြီးနောက်အဖွဲ့ဝင်အများစု သဘောတူလက်ခံမှုဖြင့် သြဂုတ် ၂၁ ရက်တွင် ပါတီနှင့် အစုအဖွဲ့ ၁၂ခုနှင့် စတင် ဖွဲ့စည်း (https://www.facebook.com/photo/?fbid=122126449352129737&set=a.122126523026129737) သည်။ကော်မတီ၌ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ShanNationalities League forDemocracy) - SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League forDemocracy - ALD) ၊ကရင်အမျိုးသားပါတီ (KarenNationalParty - KNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress forDemocracy – ZCD) ၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DemocraticParty for aNew Society – DPNS) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ (UnitedNationalitiesDemocracy Party – UNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများပါတီ (DanuNationalitiesDemocracy Party – DNDP) ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DaingnetNationalDevelopment Party)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (Mro National DemocracyParty – MNDP)၊ ကယန်းအမျိုးသားပါတီ (KayanNationalParty – KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan StateKokangDemocratic Party – SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MonAffair Association – MMA) တို့ပါဝင်သည်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးနောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (United NationalitiesAlliance – UNA) အဖွဲ့ဝင် ပါတီအချို့က စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ရန်အတွက်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး ပြည်သူ့ကော်မတီ(PeopleRepresentative for Federal - PRF) ဖွဲ့စည်းရန် ပြင်ဆင်သည်။ UNA သည် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခုဖြင့်ဖွဲ့စည်းထားသည့် မဟာမိတ်အင်အားစု (https://www.facebook.com/UnitedNationalitiesAlliance/posts/pfbid02fV1z9dbbu4FfqvQeLAXRJC3ZPfRvYWk4MzJNRVJbyRDcwkrvCNsUUxdgBjBoJLerl)  တစ်ခု ဖြစ်သည်။

မတ် ၁၈ ရက်တွင်ကော်မတီအား "ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s RepresentativeCommittee for Federal – PRCF) အဖြစ် ပြောင်းလဲခေါ်ဝေါ်ကာ အခြေအနေအရပ်ရပ် ကြောင့် UNA အဖွဲ့ဝင်အဖွဲ့အစည်းအချို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်တွင် UNA အစည်းအဝေးခေါ်ပြီးနောက်အဖွဲ့ဝင်အများစု သဘောတူလက်ခံမှုဖြင့် သြဂုတ် ၂၁ ရက်တွင် ပါတီနှင့် အစုအဖွဲ့ ၁၂ခုနှင့် စတင် ဖွဲ့စည်း (https://www.facebook.com/photo/?fbid=122126449352129737&set=a.122126523026129737) သည်။

ကော်မတီ၌ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ShanNationalities League forDemocracy) - SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League forDemocracy - ALD) ၊ကရင်အမျိုးသားပါတီ (KarenNationalParty - KNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress forDemocracy – ZCD) ၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DemocraticParty for aNew Society – DPNS) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ (UnitedNationalitiesDemocracy Party – UNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများပါတီ (DanuNationalitiesDemocracy Party – DNDP) ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DaingnetNationalDevelopment Party)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (Mro National DemocracyParty – MNDP)၊ ကယန်းအမျိုးသားပါတီ (KayanNationalParty – KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan StateKokangDemocratic Party – SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MonAffair Association – MMA) တို့ပါဝင်သည်။

ကော်မတီသည်ပြည်ထောင်စုတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် အရင်းခံပြဿနာများအား အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်အတွက် အာဏာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ခိုင်မာအောင်တည်ဆောက် ရေးတို့အား လုပ်ငန်းငန်းစဉ်အဖြစ် ချမှတ်ထားသည်။

အကောင်အထည်ဖော်ရန်အောက်တိုဘာ ၉ ရက်တွင် ကိုယ်စားလှယ် ကိုးဦး၊ နည်းပညာအထောက် အကူပြုတစ်ဦးတို့ဖြင့် PRCF အလုပ်ကော်မတီကိုဖွဲ့စည်းသည်။ ကော်မတီ၏ လုပ်ငန်းတာဝန်သည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ PRCF သို့မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်လာရေး ဆွေးနွေးဖိတ်ခေါ်ခြင်း၊ PRCF Coordination Body ဖြစ်မြောက်ရေးဆောင်ရွက်ခြင်း၊ PRCFအား အများပြည်သူ သိရှိရေးတို့ ဖြစ်သည်။ နိုဝင်ဘာ ၁၃ ရက်တွင် PRCF နိုင်ငံခြားရေးကော်မတီကိုဖွဲ့စည်းကာ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အခြေခံမူအား အတည်ပြု (https://www.facebook.com/photo/?fbid=122126615972129737&set=a.122126523026129737) သည်။

၂၀၂၂ ခုနှစ်မတ် ၁၂ ရက်တွင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးကော်မတီကို ကိုယ်စားလှယ် ခုနစ်ဦး၊ နည်းပညာအထောက်အကူပြု ငါးဦးဖြင့်ဖွဲ့စည်းသည်။ ကော်မတီသည် PRCFက အတည်ပြုထားသည့် PRCFWorking Document ပါ မျှော်ရည်ချက်၊ စံတန်ဖိုး၊ လမ်းညွန်နှင့် အခြေခံမူများ၊ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် (FederalDemocracy Charter - FDC) ပါ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ အခြေခံမူများအားအဓိက အခြေခံ၍ ရေးဆွဲရန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းရေးဆွဲထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေများ ဖြစ်သည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ (မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) က ရေးဆွဲထားသည့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယ မူကြမ်း) (https://mofua.nugmyanmar.org/uploads/publications/2jIDABVh7NsyZ7GPyqIHsbZPz99cRueUFKuLUb0J.pdf) ၊ UNA နှင့်မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့် အနာဂတ် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ညှိနှိုင်းမှုကော်မတီ (CCCFU) ကရေးဆွဲထားသည့် ပမာဏမူကြမ်းတို့အား ကိုးကားရေးဆွဲရန် သဘောတူ ဆုံးဖြတ်သည်။

၂၀၂၂ ခုနှစ်ဇွန် ၁၈ ရက်တွင် ပထမမူကြမ်း၊ ဇူလိုင် ၂၃ ရက်တွင် ဒုတိယမူကြမ်းနှင့် စက်တင်ဘာ ၃ရက်တွင် အတည်ပြုမူကြမ်းအား ဆွေးနွေးအတည်ပြုခဲ့သည်။

၂၀၂၃နိုဝင်ဘာတွင် PRCFလူတွေ့ စုံညီအစည်းအဝေး၌ လုပ်ငန်း၊ မူကြမ်းရေးဆွဲရေးနှင့်နိုင်ငံတကာဆက်ဆံရေးကော်မတီတို့အား တိုးချဲ့ဖွဲ့စည်းကာ အတည်ပြုမူကြမ်းအားပြင်ဆင်ဖြည့်စွက်ရန် မလိုသည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အပြီးသတ် ရေးသားရန်ထပ်မံဆုံးဖြတ်သည်။ မူကြမ်းရေးဆွဲရေးကော်မတီက ဇန်နဝါရီ ၂၆ ရက်တွင် လုပ်ငန်းကော်မတီသို့တင်ပြကာ ဖေဖော်ဝါရီ ၃ ရက် အထူးစုံညီအစည်းအဝေး၌ PRCF ဖွဲ့စည်းပုံအခြေခံဥပဒေ(နောက်ဆုံးမူကြမ်း) အား ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် PRCF ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (https://drive.google.com/file/d/1OxiX3mRp2TjFlDKCiDppZzGouUTlx8yc/view?fbclid=IwAR1_KtjrxteIQj-QMeLSMOCmUXWP9saGOqzHrUOhmQROzDfNK5-T9-1CaDU)  အား ထုတ်ပြန် ကြေညာသည်။ ထုတ်ပြန်သည့်ဖွဲ့စည်းပုံသည်ပြင်ဆင်ပြောင်းလဲနိုင်သော ဥပဒေတစ်ရပ်အဖြစ် လက်ခံမှတ်ယူသွားမည်ဟုလည်း ကြေညာသည်။

PRCF ၏ ဖွဲ့စည်းပုံ၌ပြည်ထောင်စုစံတန်ဖိုးအဖြစ် "(က) ဒီမိုကရေစီအခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေးနှင့်အခြေခံလူ့အခွင့်အရေးများ (ခ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဂ)စုပေါင်းခေါင်းဆောင်မှု (ဃ) စုံလင်ကွဲပြားမှုကို လက်ခံခြင်း၊ သဟဇာတဖြစ်ခြင်း၊ညီညွတ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (င) လူနည်းစုအခွင့်အရေးကိုကာကွယ်ခြင်း" ဟု သတ်မှတ်ထားသည်။

ကိုးကား

https://www.facebook.com/photo/?fbid=122126449352129737&set=a.122126523026129737