အဖွဲ့အစည်းများ

ပြည်သူ့လွတ်လပ်ရေးအဖွဲ့

PIAလက်နက်ကိုင်တော်လှန်ရေး

ပြည်သူ့လွတ်လပ်ရေးအဖွဲ့သည် (၂၀၁၂)ခုနှစ်မှ (၂၀၂၁)ခုနှစ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)တွင် ပါဝင်လှုပ်ရှားခဲ့ကြသော သမဂ္ဂလူငယ်များက (၂၀၂၁)ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့တွင် အာရက္ခပြည်(ရခိုင်ပြည်)တနေရာတွင် စတင်တည်ထောင်ခဲ့ကြပြီး အဖွဲ့အစည်းအောက်တွင် ပြည်သူ့လွတ်လပ်ရေးတပ်တော်(People Indepedence Army - PIA)ကို ထားရှိထားသည်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်သည် ဆိုရှယ်ဒီမိုကရက်တစ် နိုင်ငံရေးအယူအဆအား လက်ခံယုံကြည်ထားပြီး မဟာဗမာလူမျိုးကြီးဝါဒ၊ စစ်ခရိုနီလက်ဝါးကြီးအုပ်စီးပွားရေးစနစ် နှင့် ဗဒေသရာဇ် အတွေးအခေါ်များကို ဆန့်ကျင်ကာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုဘက်မှ အပြည့်အဝ ရပ်တည်မည်ဟု ကြေညာထားသည်။ ထို့အပြင်စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းရာတွင် စစ်အစိုးရ၊စစ်အုပ်စု၊စစ်ဗျူရိုကရက်ယန္တရားဟူသည့် စစ်(၃)စစ်ကို တိုက်ဖျက်သည့်လမ်းစဉ်ကို လက်ခံထားသည်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အခြေခံလူမှုဘဝတရားမျှတမှုရရှိရေးနှင့် လူမှုဖူလုံမှုဘဝရရှိရေးတို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တစ်ရပ်ပေါ်ထွန်းလာစေရေးအတွက် အဖွဲ့အစည်း၏ မူဝါဒနှင့် မဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းဖြင့်မဆို ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

အဖွဲ့အစည်းအား အခြေခံမူဝါဒ (၅)ချက်ဖြင့် ဖွဲ့စည်းထားသည်။ ယင်းတို့မှာ

(၁) စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး

(၂) ပြည်သူ့လွတ်မြောက်ရေး

(၃) ဖက်ဒရယ်ဒီမိုကရေစီရေး

(၄) ငြိမ်းချမ်းရေး

(၅) လူမှုဘဝတရားမျှတမှုရရှိရေး တို့ဖြစ်သည်။

ထို့အပြင်လက်ရှိတိုင်းပြည်အခြေအနေအရ နိုင်ငံရေးစစ်ရေးပြသနာများကို တပ်ပေါင်းစုကသာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော်သည် ရခိုင်ပြည်တွင် အခြေခံစခန်းစိုက်ကာ ရခိုင်ဒေသရှိ စစ်ပွဲများတွင် ရခိုင့်တပ်တော် (Arakan Army)နှင့် ပူးတွဲကာ ၁၀၂၇စစ်ဆင်ရေး၏ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်။ အဓိကလှုပ်ရှားစစ်ဒေသအဖြစ် မကွေးဒေသတွင် အခြေစိုက်လှုပ်ရှားကာ ဒေသတွင်း ကျန်းမာရေး၊ပညာရေးနှင့် လူမှုရေးလုပ်ငန်းများပင် တိုးချဲ့ပြုလုပ်လျက်ရှိသည်။ ထို့အပြင် ရခိုင်ဒေသတွင် အခြေစိုက် လေ့ကျင့်မှုယူခဲ့သော အခြားလက်နက်ကိုင်အင်အားစုများဖြစ်သော PRA Magway၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)၊ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)၊ ပြည့်သူ့လွတ်မြောက်ရေးတပ်ဦး(PLF)၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ စသည့်အဖွဲ့များဖြင့် ခိုင်မာသည့်ဆက်ဆံရေးရှိကာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများလည်းရှိသည်။ ထို့အပြင် အခြားမြေပြန့်ရှိ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့်လည်း ဆက်ဆံရေးတည်ဆောက်ထားနိုင်သည်။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)နှင့် ညီနောင်မဟာမိတ်အဖြစ် တည်ဆောက်ထားကာ စစ်ရေးဖောင်ဆောင်မှုများ၊ဒေသတွင်း လုပ်ငန်းများကို အတူတကွ ပြုလုပ်လျက်ရှိသည်။

၂၀၂၄ခုနှစ်အတွင်း အာရက္ခတပ်တော် (AA)နှင့် အမ်းစစ်ဆင်ရေးတွင် ပါဝင်လျှက်ရှိပြီး အမ်းဒေသသို့ လက်သော စစ်ကူများကိုကြားဖြတ်တိုက်ခိုက်ခြင်း၊ အမ်းဒေသမှ လွတ်မြောက်လာသော မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ၊ စစ်သုံ့ပန်းများကို ဖမ်းဆီးခြင်းများပြုလုပ်ထားပြီး ဒီဇင်ဘာလ(၄)ရက်နေ့တွင် ဗိုလ်ကြီး (၁)ဦးအပါအဝင် စစ်သုံ့ပန်း(၁၂)ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။