အဖွဲ့အစည်းများ

ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်

PLSFလက်နက်ကိုင်တော်လှန်ရေး

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီး နွေဦးတော်လှန်သောကာလအတွင်း ကျရာနေရာများတွင် ကျရာတာဝန်များ၊ ဆန္ဒပြစစ်ကြောင်း၊ ဒိုင်းအဖွဲ့၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ကူညီခြင်း၊ ယူဂျီ - UGလုပ်ငန်းများစသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ကြသောအနယ်နယ်အရပ်ရပ်မှကျောင်းသားလူငယ်များသည် (၂၀၂၁)ခုနှစ် ဧပြီနှောင်းပိုင်းမှစတင်ကာ ဒေသအသီးသီးတွင် စစ်ပပညာသင်ကြားခဲ့ကြပြီး ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော် (People Liberation Student Force) ကို စတင်ဖွဲ့စည်းခဲ့သည်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီး နွေဦးတော်လှန်သောကာလအတွင်း ကျရာနေရာများတွင် ကျရာတာဝန်များ၊ ဆန္ဒပြစစ်ကြောင်း၊ ဒိုင်းအဖွဲ့၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ကူညီခြင်း၊ ယူဂျီ - UGလုပ်ငန်းများစသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ကြသောအနယ်နယ်အရပ်ရပ်မှကျောင်းသားလူငယ်များသည် (၂၀၂၁)ခုနှစ် ဧပြီနှောင်းပိုင်းမှစတင်ကာ ဒေသအသီးသီးတွင် စစ်ပပညာသင်ကြားခဲ့ကြပြီး ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော် (People Liberation Student Force) ကို စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးဦးဆောင်မှုအတွက် ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့ (People Liberation Student Organization)ကိုလည်း ဖွဲ့စည်းထားသည်။ စတင်ဖွဲ့စည်းသည့်ရည်ရွယ်ချက်မှာ (၁) စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေး (၂) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး (၃) အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လွတ်မြောက်ရေး ဟူသည့် အခြေခံမူသုံးချက်ဖြင့် စတင်ဖွဲ့စည်းခဲံသည်။

ကရင်နီတွင် စစ်သင်တန်းများဖွင့်လှစ်ခဲ့ပြီးနောက် ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော် (PLSF)သည် (၂၀၂၂)ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးကြေညာစာတမ်းတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုကြေညာစာတမ်းတွင် အဖွဲ့အစည်းနှင့် တပ်တော်၏ ဖွဲ့စည်းသည့်အကြောင်းအရင်း၊ အခြေခံမူများ အထွေထွေနိုင်ငံရေးသဘောထားများ၊ ရန်သူလူတန်းစားသတ်မှတ်ချက်နှင့် မဟာမိတ်များဆိုသည့် အခန်းကဏ္ဍများပါဝင်သည်။ အထွေထွေ နိုင်ငံရေးသဘောထားများတွင် တိုးတက်သော နိုင်ငံရေးသဘောထား၊ စစ်သုံးစစ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံလူတန်းစား နှင့် ကျဉ်းမြောင်းသော လူမျိုးကြီးဝါဒများအား တိုက်ဖျက်ရေး၊  အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်လာရေး နှင့် တပ်ပေါင်းစုခံယူချက်များကို ဖော်ပြထားသည်။

ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်သည် လွိုင်ကော်နှင့် ဒီမောဆို စစ်မျက်နှာများတွင် ကရင်နီပြည်ရှိ တော်လှန်ရေးအင်အားစုများနှင့် တိုက်ခိုက်ရာတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ၂၀၂၄ခုနှစ်အတွင်း စစ်ကိုင်းဒေသရှိတိုက်ပွဲအချို့တွင် ပါဝင်ခဲ့သည်။ ပဲခူးဒေသ ရေတာရှည်မြို့တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အထိ မဟာမိတ်များဖြစ်သော မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့၊ တောင်ငူခရိုင် အမှတ်-၃၅၀၁ စစ်ကြောင်းတို့နှင့်အတူ စစ်အုပ်အား တိုက်ခိုက်ခဲ့သည်။ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံတပ်မဟုတ်ဘဲ သီးခြားရပ်တည်နေသော အင်အားစုတစ်ခုဖြစ်ပြီး အခြေစိုက်ရာဒေသရှိ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်လှုပ်ရှားလေ့ရှိသည်။ စစ်အာဏာရှင်စနစ်အား တော်လှန်လိုသူတိုင်းခိုင်မာသော မဟာမိတ်ညီနောင်များအဖြစ်လက်တွဲသွားမည်ဖြစ်ပြီး အဖွဲ့အစည်းတည်ဆောက်ရေး တပ်တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံရေးစစ်ရေးကို စနစ်တကျ တည်ဆောက်တိုက်ပွဲဝင်သွားမည်ဟု ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အသိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။