Sagaing PDF
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF)ကို ၂၀၂၁ခုနှစ် ဇူလှိုင် (၁၈)ရက်နေ့တွင် သမဂ္ဂကျောင်းသားအချို့နှင့် လူငယ်များက တည်ထောင်ခဲ့ကြပြီး စုဖွဲ့ပြီး သုံးလခန့်အကြာတွင် မင်းကင်း၊ ရေဦး၊ တည့်ဆည်နှင့် ကနီဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကို စတင်ခဲ့သည်။ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကို “စစ်ကိုင်းဒေသလွတ်မြောက်ရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုလွတ်မြောက်ရေးဆီသို့” ဟူသည့် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ စတင်စုဖွဲ့ကြမည့် ကျောင်းသားလူငယ်များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၈)တွင် စစ်ပညာသင်ကြားခဲ့ကာ စုဖွဲ့ဒေသသို့ပြန်လည်ရောက်ရှိပြီးနောက် ဒေသခံ လူငယ်များအား ဆင့်ပွားသင်တန်းနှင့် အခြေခံစစ်ပညာသင်တန်းများ ပို့ချခဲ့ကြပြီး စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အား စုဖွဲ့ခဲ့သည်။

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုံစံမဟုတ်ဘဲ စစ်ကိုင်းဒေသတစ်ခုလုံးတွင် လှုပ်ရှားနိုင်ရန် ရည်ရွယ်သည့်ပုံရှိသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် မရှိသော်လည်း စစ်ကိုင်းဒေသအတွင်း ဖော်ဆောင်နေသော စစ်ဆင်ရေးများ တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်နေသည်ဟု ဦးဆောင်သူများက ဆိုသည်။
“NUG နဲ့ လတ်တလောမှာ ဆွေးနွေးမှုတွေ ရှိပြီလားဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လောလောဆယ်တော့ သူတို့နဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေတော့ မရှိသေးဘူး။ အောက်ခြေမှာ ကျွန်တော်တို့တပ်မှူးတွေနဲ့ NUG တပ်မှူးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ အလုပ်လုပ်နေတာတွေရှိတယ်။ တိုက်ပွဲတွေ အတူတကွ ဝင်နေကြတာတွေရှိပါတယ်။”
“ကျွန်တော်တို့ Sagaing PDF အနေနဲ့ကတော့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ စစ်အာဏာရှင် တော်လှန်ရေးကို ဦးတည်တဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့နဲ့မဆို ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နေပါတယ်။” ဟု Myanmar Now နှင့် အင်တာဗျုးတွင် ပြောကြားထားသည်။
သို့သော် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွတ်တော်ကိုယ်စားပြုကော်မတီ နှင့် နီးကပ်သော ဆက်ဆံရေးရှိကာ အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးကြသည်ကို (၂၀၂၅)ခုနှစ် ဇွန်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် နီးကပ်သောဆက်ဆံရေးရှိသည်ကို တွေ့ရှိရပြီး စတင်စုဖွဲ့စဉ်ကပင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး TNLA ထံမှ လက်နက်ခဲယမ်းအကူအညီအများအပြား ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အား တပ်ဆင်နိုင်ခဲ့သည်ဟု ဦးဆောင်သူတစ်ဦးက ရေးသားထားသည်။ တအာင်းပြည်ကောင်စီ (TLC)ဖွဲ့စည်းနိုင်ခဲ့ကိုလည်း ကြိုဆိုကြောင်း ထုတ်ပြန်ထားပြီး တအာင်းအမျိုးသားတော်လှန်ရေးနေ့ကိုလည်း သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရှိရသည်။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် မဟာမိတ် EROs နယ်မြေများတွင်လည်း စစ်ရေးအရ ကူညီများမှုရှိသည်ဟု ဖော်ပြထားသောလည်း တိတိပပပြောဆိုထားခြင်း မရှိချေ။ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF)အနေဖြင့် မဟာမိတ်၏ အကူအညီအပြင် ပြည်သူလူထုထောက်ခံမှုဖြင့် ဆက်လက်ရပ်တည်နေပြီး ပြည်သူလူထုထံမှ အခွန်၊ ဆက်ကြေး ကောက်ခံခြင်းများ မရှိခဲ့ဘဲ ပြည်သူလူထုက ကြည်ဖြူစွာ ထည့်ဝင်သော အလှူငွေဖြင့်သာ ရပ်တည်ချီတက်နေကြောင်း မောင်းသတင်းဌာနတွင် ဖော်ပြထားသည်။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ကိုင်းဒေသတစ်ခုလုံးအား စစ်ရေးလှုပ်ရှားရန် ရည်ရွယ်ထားသည်ဟု ကြေညာထားပြီး လက်ရှိအချိန်တွင် စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်အတွင်းရှိ တိုက်ပွဲများနှင့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။