အဖွဲ့အစည်းများ

Sagaing Federal Troops

SFTလက်နက်ကိုင်တော်လှန်ရေး

ထို့နောက် (၂၀၂၄)ခုနှစ် ဇန်နဝါရီလအစတွင် ဒုတိယအကြိမ်စစ်ကိုင်းဖိရမ်ကို ကျင်းပခဲ့ပြီး ဖိုရမ်ရလဒ်အရ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီနှင့်အတူ စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး)အား ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) အနေဖြင့် (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် စစ်ကိုင်းဒေသဖက်ဒရယ်ယူနှစ်အတွင်းရှိ ဒေသတွင်းတော်လှန်ရေးအင်အားစုများကို စစ်ပုံကျကျစုဖွဲ့ပြီး စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။ စတင်စုဖွဲ့သော စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုတွင် စစ်ကြောင်းကြီး (၅)ကြောင်း၊ တပ်ပေါင်းစုအဖွဲ့ဝင်တပ်များ၊ အရံတပ်များဖြင့် စနစ်တကျ ထူထောင်ခဲ့ကြောင်း ​(၂၀၂၅)ခုနှစ် ဧပြီလအတွင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုတွင် စစ်ကိုင်းဖိုရမ်အဖွဲ့ဝင် ဒေသခံကာကွယ်ရေးတပ်များပါဝင်သည်ဟု ယူဆရပြီး မည်သည့်တပ်များပါဝင်သည်ကိုမူ တပ်ပေါင်းစုအနေဖြင့် ထုတ်ပြန်ကြေညာထားခြင်းမရှိချေ။

စစ်ကိုင်းဒေသအတွင်း တော်လှန်ရေးအင်အားစုများစုပေါင်းကာ စစ်ကိုင်းဖိုရမ်အား (၂၀၂၃) ဂျွန်လတွင် ကျင်းပခဲ့ပြီး သပိတ်အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြကာ ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့သည်။ ထို့နောက် ဖိုရမ်ဆက်လက်ဖြစ်မြောက်ရေးအတွက် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းခဲ့ပြီး ကော်မတီအောက်တွင် စစ်ရေးလုပ်ငန်းအဖွဲ့အား ထားရှိခဲ့သည်။ စစ်ရေးလုပ်ငန်းကော်မတီ အနေဖြင့် (၂၀၂၃)ခုနှစ်ဒုတိယနှစ်ဝက်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ (Local PDF)များနှင့် တွေ့ဆုံခြင်း၊ အောက်တိုဘာလအတွင်း စကားဝှက်နှင့် သတင်းလုံခြုံရေးသင်တန်း၊ မြို့ပြပျောက်ကျားသင်တန်း၊ မြေပုံဖတ်ခြင်းသင်တန်း၊ ပြည်တွင်းထိုးဖောက်မှုနှင့် လူထုစည်းရုံးရေးသင်တန်းစသည့် အခြေခံစစ်ဗျူဟာသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ဖိုရမ်အဖွဲ့ဝင်များသာမက မဟာမိတ်များဖြစ်သည့် ဒေသခံကာကွယ်ရေးတပ်များပါတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့နောက် (၂၀၂၄)ခုနှစ် ဇန်နဝါရီလအစတွင် ဒုတိယအကြိမ်စစ်ကိုင်းဖိရမ်ကို ကျင်းပခဲ့ပြီး ဖိုရမ်ရလဒ်အရ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီနှင့်အတူ စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး)အား ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) အနေဖြင့် (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် စစ်ကိုင်းဒေသဖက်ဒရယ်ယူနှစ်အတွင်းရှိ ဒေသတွင်းတော်လှန်ရေးအင်အားစုများကို စစ်ပုံကျကျစုဖွဲ့ပြီး စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။ စတင်စုဖွဲ့သော စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုတွင် စစ်ကြောင်းကြီး (၅)ကြောင်း၊ တပ်ပေါင်းစုအဖွဲ့ဝင်တပ်များ၊ အရံတပ်များဖြင့် စနစ်တကျ ထူထောင်ခဲ့ကြောင်း ​(၂၀၂၅)ခုနှစ် ဧပြီလအတွင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုတွင် စစ်ကိုင်းဖိုရမ်အဖွဲ့ဝင် ဒေသခံကာကွယ်ရေးတပ်များပါဝင်သည်ဟု ယူဆရပြီး မည်သည့်တပ်များပါဝင်သည်ကိုမူ တပ်ပေါင်းစုအနေဖြင့် ထုတ်ပြန်ကြေညာထားခြင်းမရှိချေ။

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေဖြင့် စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း၏ အောက်တွင်တည်ရှိနေပြီး နိုင်ငံရေးမျှော်မှန်းချက်များသည် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၏ မျှော်မှန်းချက်နှင့် ထပ်တူဖြစ်သည်။ တဖက်တွင်လည်း ဒေသခံကာကွယ်ရေးတပ်များ ( Local PDF)များကို ဆက်လက်ပါဝင်လာနိုင်စေရန် ကြိုးစားလျက်ရှိသည်ကို တွေ့ရှိရသည်။ စစ်ကိုင်းဖက်ဒရေးရှင်းအနေဖြင့် နိုင်ငံရေးအရ စစ်ကိုင်းဖက်ဒရယ်ယူနှစ်လွှတ်တော်နှင့် နီးကပ်သောဆက်ဆံရေးရှိပြီး စစ်ကိုင်းတိုင်းဒေသအစိုးရဖြစ်မြောက်ရေးနှင့် စစ်ကိုင်းငလျင်ဘေးအပါအဝင် လူသားခြင်းစာနာမှု အကူအညီပေးရေးကိစ္စများအတွက် လုပ်ဆောင်လျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ပြည်နယ်ဖက်ဒရယ်ကောင်စီများ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့(EROs)များ၊ နိုင်ငံရေးအစုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် သဝဏ်လွှာအပြန်အလှန် ပို့မှုများရှိသည်။

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေဖြင့် (၃)လတာ စစ်သင်တန်းအပတ်စဉ်နှစ်ခုအား ဖွင့်လှစ်ကာ တပ်ဖွဲ့ဝင်သစ်များကို ဆက်လက်စုဆောင်းနေသည်ကို ၂၀၂၅ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည်။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု၏ ဖွဲ့မှုအနေဖြင့် မည်သည့်တပ်များပါဝင်နေသည်၊ စစ်ကြောင်းများ မည်သို့ဖွဲ့စည်းထားသည်ကိုမူ သီခြားထုတ်ပြန်ထားခြင်းမရှိပေ။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေဖြင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF)က ဖော်ဆောင်သော ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည််။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် တပ်ပေါင်းစုမှ စစ်ကြောင်းအမှတ်(၃)နှင့် အမှတ်(၅)တို့အား ထုတ်နှုတ်ပါဝင်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု အဖွဲ့ဝင်(၂)ဦးကျဆုံးကာ တပ်ဖွဲ့ဝင် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဧပြီလ (၁၀)ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုမှ ပါဝင်တိုက်ခိုက်ခဲ့သည်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်မှ ထုတ်ပြန်ခဲ့ပြီးနောက်တွင် စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု စုဖွဲ့မှုအား တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုစစ်ကြောင်းများသည် (၂၀၂၅)ခုနှစ် မေလတွင် ဖလမ်းမြို့မှ အခြေစိုက်ရာဒေသသို့ ပြန်လည်ရောက်ရှိခဲ့ရာ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ စစ်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ တပ်ပေါင်းစုရဲဘော်များနှင့် ဒေသခံပြည်သူများက တခဲနက်ကြိုဆိုခဲ့ကြသည်။