တနင်္သာရီအခြေစိုက် ကျောင်းသားသဂ္ဂများကွန်ရက်
တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများ ကွန်ရက်အားဒေသအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းသမဂ္ဂ ၁၁ ခုဖြင့် နိုင်ငံရေး၊ ပညာရေးနှင့်ဒေသအရေးတို့အတွက် စုဖွဲ့ထားသည်။ ကွန်ရက် ထုတ်ပြန်မှုများအရ ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ရက် မတိုင်မီကတည်းက စုဖွဲ့ထားခြင်း ဖြစ်သည်။
တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများ ကွန်ရက်အားဒေသအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းသမဂ္ဂ ၁၁ ခုဖြင့် နိုင်ငံရေး၊ ပညာရေးနှင့်ဒေသအရေးတို့အတွက် စုဖွဲ့ထားသည်။ ကွန်ရက် ထုတ်ပြန်မှုများအရ ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ရက် မတိုင်မီကတည်းက စုဖွဲ့ထားခြင်း ဖြစ်သည်။
၂၀၁၈ ဒီဇင်ဘာ ၁၇ ရက်တွင် လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ စိုင်းကျော်ဇော်ဟန် ဆန္ဒ ဖော်ထုတ်၍ အဖမ်းခံရစဉ်အစာငတ်ခံတိုက်ပွဲဝင်နေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနအားရှုံ့ချကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက ဖြေရှင်းပေးခြင်း မရှိပါက ၎င်းတို့၏ တာဝန်သာဖြစ်မည် ဖြစ်ကြောင်း ကွန်ရက်၏ ပထမဦးဆုံး သတိပေး (https://www.facebook.com/tenasserimsun/posts/pfbid0UMbBHjVRYPUWSMap985XMRdpbPnYWoS1skm9R2bePPekZRk3uKwHDdpbrTNbBjael) ထုတ်ပြန်မှုပြုလုပ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်နိုင်ငံ၌ အရေးပေါ်ကြေညာရမည့် ဆူပုံအုံကြွမှု မရှိဘဲ အာဏာသိမ်းခြင်းသည်နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် တွန်းအားပေးခြင်းဖြစ်ကာ သွေးမြေကျနစ်နာမှုများ ရှိပါက စစ်တပ်တာဝန်သာ ဖြစ်ကြောင်း ထုတ်ပြန် (https://www.facebook.com/tenasserimsun/posts/pfbid0emCFV7YtUx9qrZcLhJPi76BxqGt5HoJWjUfs2TBU34vemWDY3e2uZhZ3jWt6UFEul) သည်။ပညာရေးနယ်ပယ်မှ ဝန်ထမ်းများအနေဖြင့်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြရန်နှင့်ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များအားလုံး လွှတ်ပေးရေးတောင်းဆိုကြရန် တိုက်တွန်း (https://www.facebook.com/tenasserimsun/posts/pfbid02Bnf54Bf4d6TFyjiNGfQwLqpt1mcX66KMFcaMEZMAe6eYj6W1QN6zL2MPjCMFFfFl) သည်။ အလားတူတောင်းဆိုမှုများအား ကွန်ရက်၌ ပါဝင်သည့် သမဂ္ဂများကလည်း ဝိုင်းဝန်း တောင်းဆို၊တိုက်တွန်း (https://www.facebook.com/photo/?fbid=2775520549366570&set=pcb.2775520739366551) သည်။ကွန်ရက်အဖွဲ့ဝင် သမဂ္ဂများ ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့များအလိုက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကာ "ကျောင်းမတက်ဘူးသပိတ်" လှုံ့ဆော်မှုများ ပြုလုပ်သည်။
ကွန်ရက်အား "တနင်္သာရီဒေသအခြေစိုက်ကျောင်းသားသမဂ္ဂများ ကွန်ရက်" ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် (https://www.facebook.com/photo?fbid=4938699306168521&set=pcb.4938699539501831) ပြောင်းလဲပြင်ဆင်ကာ တိုးချဲ့ဖွဲ့စည်းကာ ပါဝင်ည့် သမဂ္ဂ အမည်စာရင်း ထုတ်ပြန်သည်။ ကွန်ရက်သည်ဒေသတွင်း၌ နွေဦးတော်လှန်ရေး နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်း စစ်ရှောင်များ ရှိလာသည့်အခါကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေ၊ ကူညီခြင်းများများ၊ နွေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုများအတွက် ထောက်ပို့ ရန်ပုံငွေ ရှာဖွေပေးခြင်းများပြုလုပ်သည်။
အကြမ်းဖက်စစ်တပ်နှင့် ဆက်လက် အလုပ်လုပ်နေသည့် Chevron လုပ်ငန်းစုအနေဖြင့်စစ်အုပ်စုအား မြန်မာအစိုးရအဖြစ် အသိအမှတ် မပြုရေး လှုပ်ရှားမှုများ (https://www.facebook.com/tenasserimsun/posts/pfbid0UVLvuMiXJB8DkLWJjNMjdkrUeo1XLbn6wPC7qtcV5X83VrkgpHtBYceMMgSFmtqLl) ၌ ပါဝင်သည်။နိုင်ငံရေး လှုပ်ရှားမှုအဖြစ် "အတုအယောင် ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ"အမည်ဖြင့် သမဂ္ဂကျောင်းသားများ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သည်။
TSUNပဋိဉာဉ်အား ၂၀၂၂ ခုနှစ် မေ ၃၁ ရက်တွင် အတည်ပြုရေးဆွဲ (https://www.facebook.com/photo?fbid=5272772626094519&set=pcb.5272753126096469) သည်။ ပဋိဉာဉ်၌အခြေခံမူ ခြောက်ချက်၊ ရည်ရွယ်ချက် ခြောက်ချက်၊ လုပ်ငန်းစဉ် ခုနစ်ရပ် ပါရှိသည်။ယင်းပဋိဉာဉ် အတည်ပြုမှု၌ သမဂ္ဂ ခုနစ်ခုသာ ပါဝင်နိုင်ခဲ့ပြီး ကျန်သမဂ္ဂများကိုလည်းဆက်လက်ဖိတ်ခေါ်မည်ဟု ထုတ်ပြန် (https://www.facebook.com/tenasserimsun/posts/pfbid0SHtwAqwXtbB9YZdvpnZy4ef7pe3zfRZNRGg4MiVdksJGHvA3UeYja6X1CQU9LTJQl) သည်။တပြိုင်နက်တည်းပင် ကွန်ရက် အလံတော်နှင့် အမှတ်တံဆိပ် (လိုဂို) လည်း အတည်ပြု (https://www.facebook.com/tenasserimsun/posts/pfbid02532DnUCWFmRW9VbeJqh2SnFptQAu5f11KpgxqEPV6uSt1NEBcFP1pSBxYkaceacHl) သည်။
၂၀၂၂ ခုနှစ် ဇွန်လတွင် ကွန်ရက်နှင့် တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာ ဆရာ/ဆရာမများသမဂ္ဂ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့်ကြားကာလအခြေခံပညာရေးကိစ္စရပ်များ ဆွေးနွေးကာ အခြေခံပညာ အဆင့် ဖက်ဒရယ်ကျောင်းပေါ်ပေါက်လာရေးကိစ္စရပ်လည်း (https://www.facebook.com/tenasserimsun/posts/pfbid02BN5RPds2WB6dLrtMY44UriQKYcbXiRQiu13WVvWxhU7CykLJLrkSGdieik8GtzqYl) ပါဝင်သည်။
ဇူလိုင် ၇ ရက်တွင် ကျရောက်သည့် နှစ် (၆၀) ပြည့်ဆဲဗင်းဂျူလိုင်နေ့တွင် မွန်၊ ကရင် အခြေစိုက်ကျေင်းသား သမဂ္ဂများနှင့် ပူးပေါင်း၍တော်လှန်ရေအစုအဖွဲ့များနှင့် ပြည်သူလူထုထံ ပန်ကြားလွှာ (https://www.facebook.com/photo/?fbid=5369021499802964&set=pcb.5369021799802934) ထုတ်ပြန်သည်။ တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရေး (Implementation ofJustice) သည် တော်လှန်ရေးမှ အပ်နှင်းထားသည့် လူထုလုပ်ငန်းတာဝန်ဖြစ်ကာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်နိုင်ငံရေးအစုအဖွဲ့များအနေဖြင့် တရားမျှတမှုအတွက် တိကျသေချာသော ဆောင်ရွက်ချက်နှင့်မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရေး အားစိုက်ထုတ်မှု လိုအပ်ကြောင်းတိုက်တွန်းထားသည်။
ဇူလိုင် ၂၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အားကြိုးပေးသတ်ဖြတ်မှုသည် လူထုအား စိန်ခေါ်မှုဖြစ်ကာ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ၊အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်တွန်းနေသည့်အာဆီယံမူ ငါးချက်အလုပ်မဖြစ်ကြောင်း ပြသနေခြင်း ဖြစ်ကြောင်း ထုတ်ပြန် (https://www.facebook.com/tenasserimsun/posts/pfbid0HZhxSF734Ev1BGShvKYqu19UKbLzrXEZrkwYNpzWnj8A2gFdJwq9x8CpsYVWmpxDl) သည်။ သြဂုတ် ၂၂ရက်တွင် ကုလသမဂ္ဂအထူးသံတမန်ကစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအား ကန့်ကွက်ရှုတ်ချကာကုလအထွေထွေညီလာခံမှ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအား ရုပ်သိမ်းပေးရန် (https://www.facebook.com/photo/?fbid=5499468936758219&set=pcb.5499471100091336) အဖွဲ့အစည်းပေါင်း၈၆၄ ဖွဲ့နှင့်အတူ လက်မှတ်ထိုး တောင်းဆိုသည်။
ပဋိဉာဉ် အတည်ပြုစဉ်က မပါဝင်သေးသည့်"ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ" အား ကွန်ရက်အဖွဲ့ဝင် သမဂ္ဂအဖြစ်အတည်ပြုကြောင်း သြဂုတ် ၃၀ တွင် ပြုလုပ်သည့် ကွန်ရက် မျက်နှာစုံညီအစည်းအဝေး၌ဆုံးဖြတ် (https://www.facebook.com/tenasserimsun/posts/pfbid02YGrasVqMtUFoQL8x4FuquYGyGEoMZdjpgykE1ZZ7bZfQAd4KfiK1gT6Gx85wUvuzl) သည်။
အောက်တိုဘာ ၁၉ ၇က်က ရန်ကုန်၊ အင်းစိန်ထောင်၊ ထောင်ဝင်စာဌာနဗုံးကွဲမှုနှင့် လုံခြုံရေးမျှော်စင်မှ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများသေဆုံးရမှုအပေါ် အများပြည်သူရှိရာ နေရာအား တိုက်ခိုက်မှုသည် စစ်ဥပဒေချိုးဖောက်မှုဖြစ်ကာ ကျူးလွန်သည့် မည်သည့်အဖွဲ့အစည်းက ဖြစ်စေ တာဝန်ယူ၊တာဝန်ခံရမည်ဟု ထုတ်ပြန် (https://www.facebook.com/tenasserimsun/posts/pfbid0gkdV7LJfmWxSZwtsdvAagNDkjjWP6HaGm3oqpBXyzsnxSmpcUCg8YXNzXH1fY7q7l) သည်။အင်းစိန်ထောင်စစ်ခုံရုံးက ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်က ဖမ်းဆီးထားသည့်ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား နိုဝင်ဘာ ၃၀ ရက်တွင် ပုဒ်မ ၃၀၂ (က) ဖြင့်သေဒဏ်ပေးရာ တရားစီရင်ရေးစနစ်အား လက်နက်တစ်ခုသဖွယ် အသုံးချခြင်းသာ ဖြစ်ကြောင်းနှင့်မတရားသည့် လုပ်ရပ်များအတွက် အပြီးသတ် တော်လှန်တိုက်ပွဲဝင်သွားရမည်ဟု ကြေညာ (https://www.facebook.com/tenasserimsun/posts/pfbid0UYqd9qsK1HBcVwbeETh6MK7gmLVdvEMnsBoyWxFW6TPqXomzyWPBNfDiHf6Y4zcZl) သည်။
ဒေသတွင်း နိုင်ငံရေးစုစည်းမှုနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၁ ရက်တွင် အကြံပြုချက်စာတမ်း (https://www.facebook.com/tenasserimsun/posts/pfbid02TvFb1VVYjGairBhW1fhQtSeLWpQwzRfmh4RWooZs6APCWTFrZqk54C3QyGScnGiSl) ထုတ်ပြန်သည်။ စာတမ်း၌ လွတ်လပ်မှု၊ တန်းတူညီမျှမှုကိုအာမခံသော တနင်္သာရီအမျိုးသားပြည်နယ် (ဝါ) ဖက်ဒရယ်ယူနစ်ကိုဒေသသူ/ဒေသသားတို့ကိုယ်တိုင် တည်ဆောက်ကြစို့ဟု တိုက်တွန်းထားသည်။ မတ် ၃ ရက်တွင်ဒေသတွင်း တော်လှန်ရေးအင်အားစုများ၌ ပါဝင်သည့် လူငယ်များအသံ ပြည်သူလူထုထံ ရောက်ရှိရေးအတွက်တိုးတက်သော တနင်္သာရီလူငယ်အသံ (ProgressiveYouths Voice of Tenasserim – PYTV) ကို ထုတ်လွှင့်သည်။
ဧပြီ ၂၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မြေပြင်လှုပ်ရှားရေးတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ထောင်ဒဏ်တစ်သက်တစ်ကျွန်းမှ သေဒဏ်အမိန့် အကြမ်းဖက်စစ်အပ်စု ထပ်တိုးခဲ့ရာ ကွန်ရက်မှပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်စုစည်းမှုအားနှင့် ပိုမိုပြင်းထန်စွာ ကြိုးစားရမည်ဟု ရှုမြင်ကြောင်း ထုတ်ပြန် (https://www.facebook.com/tenasserimsun/posts/pfbid0q7XFKwgutRKQ4h27Za7hMCEAw5JQ52ULwBaEXMFkRbHXAF2sGxfCSUxPs8gYphdsl) သည်။
ကွန်ရက်သည် "ထုဆစ်မျှော်ရည် တနင်္သာရီ - Youths Talk Series” “လူငယ့်အသံရှုမြင်ချက်နှင့် မျှော်ရည်ချက်များ" အစီအစဉ်ကို ထပ်မံမိတ်ဆက်ကာဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လူထုအကြား လက်တွေ့ကျသည့် နိုင်ငံရေးနှင့်တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာ တွေးခေါ်ယူဆမှု အားကောင်းစေရေး၊ စုံလင်ကွဲပြားသည့်အစုအဖွဲ့အများ ဘုံမျှော်ရည်ချက် မျှခြေရှာနိုင်ရေး ဦးတည် (https://www.facebook.com/tenasserimsun/posts/pfbid02hX5R1MwgLkxt4dbswhjrKE6JfhKfiWqRDraYw4VWom1HF2JMLTEGTbDMepdXKqMPl) သည်။ယင်းအစီအစဉ်မှတစ်ဆင့် နွေဦးတော်လှန်ရေး၌ ပါဝင် နေသည့် ဒေသတွင်းလက်နက်ကိုင်အင်အားစုများ၊ လက်နက်မကိုင်သည့် အင်အားစုများ၏ နိုင်ငံရေးမျှော်ရည်ချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများအား အများပြည်သူ သိအောင်ထုတ်လွှင့်ပေးသည်။
နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီကကြားကာလ အစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ကြောင်း ထုတ်ပြန်လာရာ ဒေသအစုအဖွဲ့ဆန္ဒသဘောထား မပါကြောင်းနှင့် ဖက်ဒရယ်ပဋိဉာဉ် အစိတ်အပိုင်း (၁) အာပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒေသတွင်း နိုင်ငံရေးအစုအဖွဲ့ ၂၁ဖွဲ့နှင့်အတူ သဘောထား (https://www.facebook.com/photo?fbid=842773140978984&set=pcb.842773180978980) ထုတ်ပြန်သည်။ယင်းလုပ်ရပ်သည် တနင်္သာရီဖက်ဒရယ်ပြည်နယ် ပေါ်ပေါက်ရေးဆိုင်ရာ ကြိုးပမ်းမှုအားလျစ်လျှူရှု စော်ကားခြင်းဖြစ်ကြောင်း ရှုမြင်သည်ဟုလည်း ဖော်ပြထားသည်။ လက်ရှိတွင်ကွန်ရက်အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုထက် ကွန်ရက်အဖွဲ့ဝင် သမဂ္ဂများ၏လှုပ်ရှားမှုပုံစံများဖြင့် လည်ပတ် လုပ်ကိုင်လျက် ရှိသည်။
ဆက်သွယ်ရန်
trsun022@protonmail.com