အဖွဲ့အစည်းများ

အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်

WPNအမျိုးသမီးအဖွဲ့အစည်း

အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် (Women’s Peace Network - WPN) ကို ၂၀၁၃ တွင် စတင်တည်ထောင်ခဲ့သည်။ WPN သည် အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်ပြီး ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မတူညီသော လူမှုအသိုင်းအဝိုင်းများအကြား အားလုံးပါဝင်ရေး၊ ယုံကြည်မှု နှင့် ငြိမ်းချမ်းရေးကို မြင့်တင်ပေးသည့် လုပ်ငန်းများနှင့်အတူ ဖွဲ့စည်းတည်ထောင်ခဲ့သည်။  

WPN ကို လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ မြင့်တင်ပေးပြီး ကာကွယ်ပေးနေသော မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်တွင်ရှိသော  ရှေ့နေ့များ၊ ရပ်ရွာခေါင်းဆောင်များ၊ နှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ ဖြင့် ဖွဲ့စည်းထားသည်။

WPN ၏ မျှော်မှန်းချက်မှာ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် တရားမျှတရေးဖြစ်သည်။ WPN ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ လူငယ်ဖွံ့ဖြိုးရေး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်ထောက်ပံ့ရေး အစီအစဉ်များကို‌ လုပ်ဆောင်ပေးလျက်ရှိသည်။ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေး အတွက် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ မှတ်တမ်းတင်ခြင်း၊ သင်တန်းပို့ချခြင်း နှင့် စည်းရုံးလှုံ့ဆော်မှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

WPN သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။