စစ်အုပ်စုလူ့အခွင့်အရေး ကော်မရှင်အား အဖွဲ့ဝင်အတွင်းမှ ဖယ်ထုတ်ရန် APF သို့ တောင်းဆို

စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီ (MNHRC) အား အာရှ-ပစိဖိတ်ဖိုရမ် (APF) မှ အဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on Independent National Human Rights Institution (Burma/Myanmar) က စက်တင်ဘာ ၁၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။

ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးအား စက်တင်ဘာ ၂၀ – ၂၁ ရက်တို့တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကာ ယင်းအစည်းအဝေးအပြင် APF က ဆက်လက်ပြုလုပ်မည့် အစည်းအဝေးများ၌လည်း MNHRC အား အသိအမှတ်မပြုဘဲ ဖယ်ထုတ်ရန် အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ပုံစံမျိုးစုံဖြင့် ကျူးလွန်နေကာ APF ရေးဆွဲထားသည့် စည်းကမ်းများနှင့် ကွဲလွဲနေကြောင်းလည်း ထောက်ပြထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.