အာဆီယံ သုံးသပ်မှုနှင့် ဆုံးဖြတ်ချက်အရ စစ်အုပ်စုအား အရေးယူပြစ်ဒဏ်ချမှု အမြန်ဆုံး လုပ်ရမည်

(၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်ပြီးနောက် မြန်မာအရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) အကောင်အထ ထည်ဖော်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ကြိုဆိုကာ အရေးယူဒဏ်ခတ်မှု အစီအစဉ်များ အမြန်ဆုံးချမှတ်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများက စစ်အုပ်စုအား လေယာဉ်ဆီဖြတ်တောက်ခြင်း၊ ဘဏ္ဍာရေးဖြတ်တောက်ခြင်းနှင့် သံ တမန်ရေးအရ ဖိအားပေးခြင်းများ တိုးမြှင့်ချိန်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.