ပြည်သူ့အစိုးရ အသိအမှတ်ပြုရေးနှင့် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး တရားဝင်မှုတိုက်ပွဲ (Credential Campaign) ၌ ပြည်သူတစ်ရပ်လုံးက မြေပြင်၊ အွန်လိုင်း၊ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု ပုံစံမျိုးစုံဖြင့် ဝိုင်းဝန်းပါဝင် ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပန်ကြားထားသည်။
GSCB အား နွေဦးတော်လှန်ရေးပါဝင်သည့် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ တိုင်းရင်းသားအခြေပြု တော်လှန်ရေးအင်အားစုများဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းထားသည်။