စစ်အုပ်စုအား စင်ကာပူအရေးယူရေး SURC လက်မှတ်ကောက်ခံ

စင်ကာပူက စစ်အုပ်စုထံ လက်နက်ဆက်မရောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တောင်းဆိုရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ် ကောက်ယူမှုအား "သင့်လက်မှတ်နဲ့ မြန်မာပြည်ကို ကယ်တင်လိုက်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ကော်မတီ - SURC က စက်တင်ဘာ ၁၁ ရကတွင် စတင်လိုက်သည်။

စစ်အုပ်စုကြောင့် နိုင်ငံအနေဖြင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကာ လက်နက်ကိုင် တော်လှန်မှု မပြုနိုင်သူများအနေဖြင့် ဖုန်း၊ ကွန်ပျူတာမှတစ်ဆင့် လက်မှတ်ထိုး တော်လှန်နိုင်ကြောင်းလည်း SURC က တိုက်တွန်းထားသည်။ SURC အား နိုင်ငံတစ်ဝန်းရှိ ကျောင်းသားသမဂ္ဂ (၁၁၇) ၏ ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်က ဖွဲ့စည်းထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.