No items found.

တီမောသမ္မတနှင့် NUG ဝန်ကြီးများ ကုလညီလာခံ၌ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုသည့် တီမောနိုင်ငံ သမ္မတ Jose Ramos Horta နှင့် နယူးယောက်မြို့၌ ပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ NUG ဝန်ကြီးများ စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

NUG ဘက်မှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေး)၊ ဒေါက်တာဇော်ဝေစိုး (ပညာရေး၊ ကျန်းမာရေး)၊ ဦးထင်လင်းအောင်(ဆက်သွယ်ရေး) အပါအဝင် ဒုဝန်ကြီးများဖြစ်သည့် ဦးမိုးဇော်ဦး၊ မြန်မာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပါဝင်ကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။ တီမောသမ္မတမှာ (၇၈) ကြိမ်မြောက် ကုလညီလာခံ၌ မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ထိရောက်သည့် အကူအညီများ အမြန်ဆုံးပေးရေးအတွက် မိန့်ခွန်း၌ ထည့်သွင်းတိုက်တွန်း ပြောဆိုခဲ့သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.