ကုလသမဂ္ဂညီလာခံ ကျင်းပနေသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink တို့ စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့သည်။
NUG ဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေး) နှင့် ဦးထင်လင်းအောင် (ဆက်သွယ်ရေး)၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးမိုးဇော်ဦးနှင့် ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ပါဝင်ကာ တွေ့ဆုံမှုအတွင်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား တာဝန်ခံရန်နှင့် အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။