အဖွဲ့အစည်းများ

အရှိုချင်းကာကွယ်ရေးတပ်

ACDFလက်နက်ကိုင်တော်လှန်ရေး

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)ကို (၂၀၂၁)ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် တော်လှန်ရေးနယ်ပယ်အသီးသီးတွင် ရှိနေသော အရှိုချင်းတော်လှန်ရေးရဲဘော်များ တစုတစည်းထဲရှိစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် အရှိုချင်းမျိုးနွယ်စုအား ကိုယ်စားပြုကာ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ မိမိတို့ဆုံးရှုံးခဲ့သည့် ရပိုင်ခွင့်များနှင့် လူမျိုးစုများ၏ အခွင့်အရေးများကို ပြန်လည်ရယူရန် တိုက်ပွဲဝင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)သည် ဦးတည်ချက် (၄)ရပ်နှင့် အမျိုးသားနိုင်ငံရေး မျှော်မှန်းချက်(၄)ရက်ဖြင့် ဖွဲ့စည်းထားသည်။ အမျိုးသားနိုင်ငံရေးမျှော်မှန်းချက် (၄)ရက်မှာ -

၁။ တိုင်းရင်းသား EROsများနှင့် နိုင်ငံရေးမျော်မှန်းချက်တူညီသည့် ဒေသန္တာရတော်လှန်ရေးအင်အားစုများနှင့် လက်တွဲရေး

၂။လူနည်းစုတိုင်းရင်းသားများ၏အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး

၃။ခေတ်အဆက်ဆက် အရှိုချင်းဘိုးဘေးများမှ တည်ဆောက်နိုင်ခြင်းမရှိခဲ့သည့် အရှိုချင်းအမျိုးသားနိုင်ငံရေးအား ၂၁ရာစုမြန့်မာနိုင်ငံရေးပလက်ဖောင်းပေါ်တွင် တည်ဆောက်ရေး

၄။ အရှိုချင်းတိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာကိုဖန်တီးရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေရ ရှိရေးတို့ဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် ဖက်ဆစ်ဝါဒကိုအမြစ်ဖြတ်တော်လှန်ရန်၊ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေး၊အမျိုးသား၊နိုင်ငံရေး၊စစ်ရေးအခြေပြု မဟာမိတ်များဖွဲ့စည်းရန်၊ ပြည်တွင်းပြည်ပရှိ အရှိုချင်းလူမျိုးစုဝင်များ တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင်အားဖြည့်နိုင်သည့် နည်းလမ်းများဖော်ဆောင်ရန် နှင့် အရှိုးချင်းတို့၏ အမျိုးသားနိုင်ငံရေးကို အစဉ်တစိုက်ဦးဆောင်ရန်အတွက် ဦးတည်ချက်ထားရှိသည်။

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)သည် အာရက္ခတပ်တော် (AA)၏ လေ့ကျင့်သင်ကြားမှုနှင့် အကူအညီအချို့ရရှိထားပြီး အရှိုချင်းလူမျိုးစုများ အခြေစိုက်ရာ မြေပြန့်ဒေသများတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။ ထို့အပြင် ချင်းအမျိုးသားတော်လှန်ရေးတပ်မတော်(CNA)ဖြင့်လည်း ပူးပေါင်းစစ်ရေးဖော်ဆောင်မှုများရှိပြီး အခြားချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များပါဝင်သော ချင်းလန်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ရေဇွာမြို့ တီးတိန်မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ထားသည်။ တဖက်တွင်လည်း အာရက္ခဒေသတွင် အခြေစိုက်ပညာသင်ကြားသော အခြားလက်နက်ကိုင်အင်အားစုများဖြစ်သော PRA Magway၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည့်သူ့လွတ်မြောက်ရေးတပ်ဦး(PLF)၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ စသည့်အဖွဲ့များဖြင့် ခိုင်မာသည့်ဆက်ဆံရေးရှိကာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများလည်းရှိသည်။ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)နှင့် ညီနောင်မဟာမိတ်အဖြစ် တည်ဆောက်ထားကာ စစ်ရေးဖောင်ဆောင်မှုများ၊ဒေသတွင်း လုပ်ငန်းများကို အတူတကွ ပြုလုပ်လျက်ရှိသည်။