အဖွဲ့အစည်းများ

ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး

DPLFလက်နက်ကိုင်တော်လှန်ရေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front – DPLF) အား ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွဘ်ရေးတပ်များ စုပေါင်းကာ ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်တွင် ဦးတည်ချက် သုံးရပ်၊ ရည်ရွယ်ချက် လေးရပ်ဖြင့် ဖွဲ့စည်းထားသည်။ တပ်ဦး၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရှိကာ တပ်ဦးဥက္ကဋ္ဌမှာ ကိုအောင်ငဲ ဖြစ်သည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front – DPLF) အား ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွဘ်ရေးတပ်များ စုပေါင်းကာ ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်တွင် ဦးတည်ချက် သုံးရပ်၊ ရည်ရွယ်ချက် လေးရပ်ဖြင့် ဖွဲ့စည်းထားသည်။ တပ်ဦး၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရှိကာ တပ်ဦးဥက္ကဋ္ဌမှာ ကိုအောင်ငဲ ဖြစ်သည်။

နိုင်ငံအတွင်း ဖိနှိပ်ခံအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် ဓနုပြည်နယ် တည်ဆောက်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု၏ ထိန်းချုပ်နယ်မြေ၌ စစ်သင်တန်း တက်ရောက်ခဲ့သည်။

DPLF/DPLA သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ပင်းတယ၊ ရွာငံအပြင် ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားကာ People’s Defense Force (ဓနု) နှင့်အတူ ဒေသအတွင်း စစ်ရေးလှုပ်ရှားသည်။ တပ်ဦး ဖွဲ့ စည်းစဉ်က အဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံပြည်သူ ဆယ်နှင့်ချီအား ဖမ်းဆီး၊  တရားစွဲ၊ ထောင်ချမှုများ ပြုလုပ်ခဲ့သည်။

DPLF/DPLA သည် စစ်သင်တန်း အပတ်စဉ် (၄) အထိ ပေးထားပြီး ဖြစ်ကာ ဓနုအလံတော်အောက်၌ တိုက်ပွဲဝင်လိုသူများကိုလည်း ဖိတ်ခေါ်ထားပြီး အင်အား ရာဂဏန်းခန့် ရှိသည်။ တပ်ဦးသည် စစ်ရေးအပြင် နိုင်ငံရေးအရ လှုပ်ရှားမှုများကိုလည်း လုပ် ဆောင်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ဒီဇင်ဘာ ၂၀ ရက်တွင် ကျရောက်မည့် ဆဌမအကြိမ် ဓနုအမျိုးသားနေ့အား အကြမ်းဖက်စစ်အုပ်စုနှင့် ဓနုအမျိုးသားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ နေသည့်အပေါ် ဆန့်ကျင်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရက်တွင်ပင် DLPA/DPLA ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ တပ်ဦး တရားဝင်အလံတော်အား ထုတ်ပြန်ခဲ့သည်။ တပ်ဦးအလံ၌ ပါဝင်သည့် အနီရောင်မှာ ဓနုလူမျိုးတို့၏ ခွန်အားနှင့် ရဲရင့်မှု၊ အပြာရောင်မှာ ဓနုလူမျိုးတို့ အစဉ်တစိုက် လိုချင်သည့် လွတ်လပ်မှုနှင့် အဖြူရောင် အိုးစည်သင်္ကတမှာ ဓနု ရိုးရာအိုးစည်နှင့် ဓနုလူမျိုးတို့၏ ဖြူစင်မှုနှင့် ရိုးသားမှုအား ကိုယ်စားပြုသည်။

တပ်ဦးသည် အဖွဲ့က သီးသန့်လှုပ်ရှားသည့် စစ်ရေးလှုပ်ရှားမှုများအပြင် MDY PDF (People’s Defense Force – Mandalay) နှင့် ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက နောင်ချိုတိုက်ပွဲ၊ ၂၀၂၃ ခုနှစ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ပူးပေါင်းပြုလုပ်သည့် Operation 1027 ၏ အစိတ်အပိုင်းအဖြစ် ကျောက်မဲနှင့် သီပေါမြို့ တိုက်ပွဲများတွင် မဟာမိတ်အဖြစ် ပူးတွဲ ပါဝင်တိုက်ခိုက်ခဲ့သည်။

ကိုးကား

https://www.facebook.com/photo?fbid=106530045866076&set=pb.100095272417540.-2207520000

https://www.facebook.com/permalink.php?story_fbid=pfbid0255RBFAZwFA5kwrQ4mU1dENfmTvu7XAwzkpXYtqXi6btc2Ugt5fZbaWL75CxUpnTrl&id=100095272417540

https://www.facebook.com/permalink.php?story_fbid=1293326258020735&id=100095272417540&substory_index=1293326258020735

https://www.facebook.com/permalink.php?story_fbid=pfbid0KBqdTBT9ssn65QaEJu9iCe6eXHhyPWSTDu4x1oTneyJ7wzDLuzsdZCqQwDpeQS2Rl&id=100095272417540

https://www.tachileik.net/mm/news/33299

https://mekongnewsmm.com/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%94%e1%80%bd%e1%80%b1%e1%80%a6%e1%80%b8/dplf-%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%93%e1%80%94%e1%80%af%e1%80%92/