Kachin Political Interim Coordination Team
၂၀၂၁ ခုနှစ်၊ မတ်လ ၉-၁၁ တွင် ကျင်းပခဲ့သော ပြည်တွင်း၊ ပြည်ပရှိ ကချင်အဖွဲ့အစည်း (၅) ခု၏ အစည်းအဝေး တွင် ကချင်အမျိုးသားများကိုယ်စား ကြားကာလ နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို တာ၀န်ယူညှိနှိုင်းဆောင်ရွက်ရန်အတွက် Kachin Political Interim Coordination Team (KPICT) ကိုဖွဲ့စည်း ခဲ့သည်။
အဓိကရည်ရွယ်ချက်မှာ ကချင် အမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။ ပေါင်းစပ်ဖွဲ့စည်းမှုတွင် စုံလင်စွာ ပါဝင်ရေး ရည်ရွယ်ချက်ဖြင့် KPICT ကိုအဖွဲ့ဝင် အသင်းအဖွဲ့ငါးဖွဲ့က ကိုယ်စားလှယ်သုံးဦးစီနဲ့ ၁၅ ဦး ကော်မတီဖွဲ့စည်းခဲ့သည်။ KPICT ၏ ပင်မ ဦးတည်ချက်ပန်းတိုင်များမှာ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းပေါ်တွင်အခြေခံ၍၊ အချုပ်အခြာအာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဖြစ်ကြောင်းခိုင်မာစေရန်၊ အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ဖျက်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်နှင့် နိုင်ငံရေးရည်မှန်းချက်တူညီသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် ဖြစ်သည်။
KPICT သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်အစိုးရဖွဲ့စည်းရေး သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
KPICT သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့ ဒုသမ္မတတဦးနှင့် ဝန်ကြီး၊ ဒုဝန်ကြီးများ အဆိုပြု အမည်စာရင်းပေးပို့ပါဝင်ခဲ့သည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် ပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်းပါဝင်မှုမှ ရပ်နားခဲ့သည်။
KPICT ၏ အတွင်းရေးမှူးမှာ Salang Nsang Gum San ဖြစ်ပါသည်။