သုတေသန · ဖြစ်စဉ်များ

NUG နှင့် KPICT တော်လှန်ရေးကာလ ကဏ္ဍပေါင်းစုံအားကောင်းရေး တွေ့ဆုံ

KPICT

နွေဦးတော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍများ ပိုမိုအားကောင်းရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် လက်တွဲလုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့ နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း KPICT ဘက်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီးတူးရှန် ဦးဆောင်သည့် အဖွဲ့ ပါဝင်ခဲ့ကာ NUG ဘက်မှ ကော်မတီအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး၊ အကြံပေးနှင့် အတွင်းရေးမှူးများ ပါဝင်ခဲ့သည်။