အဖွဲ့အစည်းများ

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့

MBDFလက်နက်ကိုင်တော်လှန်ရေး

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) ကို ၂၀၂၂ခုနှစ် မေလ (၂၉)ရက်နေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မြေလတ်ဒေသရှိ အလုပ်သမားများ၊ လယ်သမားများ၊ ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည်။ စုဖွဲ့ခဲ့သော လူငယ်များသည် စစ်အာဏာသိမ်းစက လူထုဆန္ဒပြမှုများ၊ CDM လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ကြပြီး (၂၀၂၁)ခုနှစ် မေလအစကပင် လက််နက်ကိုင်တော်လှန်ရေးလမ်းစဉ်သို့ ကူးပြောင်းကာ လူမျိုးစုလက်နက်ကိုင်အင်အားစုများထံတွင် ပညာသင်ယူခဲ့ကြပြီး တချို့သည် မြို့ပြများသို့ ပြန်လည်ဝင်ရောက်ပြီး မြို့ပြပျောက်ကျားများအဖြစ်လှုပ်ရှားခဲ့သည်။ တချို့သည် မြေပြင်တိုက်ပွဲအတွေ့အကြုံများကို ရယူခဲ့ကြသည်။ အတွေ့အကြုံများရရှိပြီးနောက် လူသစ်စုဆောင်းခြင်း၊ လက်နက်စုဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီးမှသာ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် စတင်ဖွဲ့စည်းသည့် ရည်ရွယ်ချက်(၃)ခုရှိသည်။ (၁) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး (၂) လူမျိုးကြီးဝါဒ၊ ဖိုဝါဒကြီးစိုးမှု ပပျောက်ရေး၊ နိုင်ငံရေးအရ နိုင်ငံသားတိုင်း တန်းတူမှုနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး (၃) ဖက်ဒရယ်ဒီမိုကရေစီရေး၊လူမှုအခြေပြု ဈေးကွက်စီးပွားရေးစနစ် ပေါ်ပေါက်လာရေးနှင့် အခြေခံလူမှုဘဝ ဖူလုံရေးတို့ဖြစ်သည်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကိုလည်း ချမှတ်ထားသည်ကို တွေ့ရှိရသည်။ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် စစ်သုံးစစ် အမြစ်ဖြတ်တိုက်ဖျက်ရေး လမ်းစဉ်ကို အဓိကထားသည်။ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် လူမျိုးကြီးဝါဒ၊ ဖိုဝါဒကြီးစိုးမှုတို့ကို တိုက်ဖျက်ပြီး တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်တို့ရရှိရန် ဆောင်ရွက်မည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွင် တန်းတူညီမျှမှုနှင့် တရားမျှတမှုဖောင်ဆောင်ပေးနိုင်သည့် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်သည်။ ထို့အပြင် မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) က ရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း(၁)အား လက်ခံပြီး လိုက်ပါဆောင်ရွက်လျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား အသိအမှတ်ပြုပြီး လက်တွဲဆောင်ရွက်ရန်ရှိသည်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေး အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအား အဓိကအရေးကြီး အင်အားစုအဖြစ်လက်ခံကာ စစ်ရေးနိုင်ငံရေး ပူးပေါင်းမှုများ ခိုင်မာအားကောင်းရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် မြေလတ်ဒေသများဖြစ်သော မကွေးဒေသနှင့် ပဲခူးအနောက်ခြမ်းဒေသတို့တွင် အခြေစိုက်လှုပ်ရှားသည်သာမက ပဲခူးအရှေ့ခြမ်းဒေသတွင်လည်း လှုပ်ရှားမှုဖြစ်သည်။ မကွေးဒေသတွင် အောင်လံမြို့တွင် မြို့ပြလှုပ်ရှားမှုများရှိခဲ့ပြီး မကွေးအောက်ခြမ်းဒေသများသို့ ထိုးဖောက်ဝင်ရောက်နေသော အင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေးများ အခိုင်အမာတည်ဆောင်ထားကာ ဗမာစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများတွင် မဟာမိတ်များနှင့် ပါဝင်ထားသည်။ ပဲခူးအနောက်ခြမ်းတွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးအား တည်ဆောက်ထားပြီး ပူးပေါင်းလှုပ်ရှားမှူများရှိသည်။ ထို့အပြင်သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌနာ လက်အောက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သဝဏ်လွှာများ ပေးပို့ကြသည်ကို တွေ့ရှိရသည်။ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် ပဲခူးအရှေ့ခြမ်းတွင်လည်း တောင်ငူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသော စစ်ရေးဖော်ဆောင်မှုများကို ခပ်စိပ်စိပ်တွေ့ရှိရသည်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံတပ်ရင်းအဖြစ် ယနေ့အချိန်ထိ ပါဝင်ထားခြင်းမရှိသေးပေ။ သို့သော်  အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့များနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ထို့အပြင်  အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားခြင်းမရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးအရ အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမျိုးစု လက်နက်ကိုင်အင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရသည်။

(၁၀၂၇)စစ်ဆင်ရေးသည် ရခိုင်ပြည်သို့ ကူးစက်လာခဲ့ပြီး အာရက္ခတပ်တော်(AA)၏ ထိုးစစ်များကြောင့်  ထိတွေ့မှုများသည် မကွေး၊ပဲခူးနှင့် ဧရာဝတီဒေသများထိ ပျံ့နှံ့လာလျက်ရှိရာ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့သည် ပဲခူးဒေသနှင့် မကွေးဒေသများတွင် အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြန်မာစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများတွင် ပါဝင်လျက်ရှိနေသည်။