ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ
ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ကော်မတီ (Student Union Representatives Committee – SURC) ကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် စတင် ဖွဲ့စည်းခဲ့သည်။ SURC ၏ အခြေခံမူများမှာ အာဏာရှင် စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး၊ နှင့် ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး တို့ပင်ဖြစ်သည်။
SURC ၏ ရည်ရွယ်ချက်မှာ CRPH နှင့် ကျောင်းသား သမဂ္ဂများကြား ချိတ်ဆက်၍ အကြံပြု ဆွေးနွေးခြင်းများ၊ အစည်းအဝေးများ ပြုလုပ်ရန်၊ (၂) လိုအပ်သည့် အကူအညီများတောင်းခံနိုင်ရန်၊ (၃) ကျောင်းသားထု အသံအားကိုယ်စားပြုနိုင်ရန်နှင့် (၄) သမဂ္ဂများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် တို့ ဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေး ကာလ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးတွင် ကျောင်းသားသမဂ္ဂများ၊ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် SURC ကို ဒေသကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း (တောင်)၊ ရှမ်း (မြောက်)၊ ရှမ်း (အရှေ့)၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ နှင့် တနင်္သာရီ တို့ရှိ ကျောင်းသားသမဂ္ဂပေငါး (၁၇၁) ဖွဲ့ စုဖွဲ့ထားပြီး ဒေသအလိုက် ဖွဲ့စည်းထားသော ကွန်ယက်များမှ စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ကို ဖွဲ့စည်းလိုက်သည်ဟု ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျောင်းသားသမဂ္ဂများ (၁၀၀) ကျော်တက်ရောက်ခဲ့သော ကျောင်းသား သမဂ္ဂညီလာခံကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ SURC ၏ ဒုတိယ အကြိမ် ကျောင်းသားထုညီလာခံကို ကျင်းပခဲ့သည်။
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင် SURC အထူးလေ့လာသူ(Observer) အနေဖြင့် ပါဝင်လျက်ရှိသည်