ရန်ကုန်ဆေးပညာကွန်ရက်
ရန်ကုန်ဆေးပညာကွန်ရက်(YangonMedical Network – YMN) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM ဝင်ထားကြသောရန်ကုန်အခြေစိုက် ဆေးပညာမိသားစုဝင်များ စုဖွဲ့ထားသည့် ကွန်ရက် ဖြစ်သည်။
မည်သည့်အချိန်တွင်စတင်ဖွဲ့စည်းသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသော်လည်း အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ သင်တန်းအား MandalayMedical Network နှင့် ပူးပေါင်းလုပ်ဆောင်သည့် မှတ်တမ်းအရ ၂၀၂၁ ခုနှစ်သြဂုတ် ၂၂ ရက်မတိုင်ခင်ကတည်းက တည်ရှိနေပြီးဖြစ်သည်။
YMN သည် အခြားသောဒေသများမှာ ကျန်းမာရေး CDMအင်အားစုများနှင့် ချိတ်ဆက်ထားကာ ကူညီ ထောက်ပံ့ရေးအပြင် ကျန်းမာရေးအခက်ခဲရှိသူများအတွက် YMNTeleconsultation အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိသည်။ ထောက်ပံ့ရေးအဖြစ်အဝတ်အထည်၊ ဆေးဝါးအပြင် မြေပြင်အထိ ကွင်း ဆင်း၍ စစ်ရှောင်ပြည်သူနှင့် အကြမ်းဖက်စစ်အုပ်စုအားလက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေး တပ်ဖွဲ့များ၌ပါ ကုသရေးပိုင်း၌ ဝင်ရောက်လုပ်ကိုင်ပေးမှုများရှိသည်။
ကွန်ရက်သည်တော်လှန်ရေးနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိဘဲ အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုအတွက်လည်း အွန်လိုင်းအခြေပြု လမ်းညွှန်မှုများ ပေးခြင်း၊ နိုင်ငံအတွင်းလက်နက်ကိုင်ပဋိပက္ခများအတွင်း နည်းပေါင်းစုံဖြင့် ထိခိုက်နေသည့်စစ်ရှောင်ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား ကူညီကုသပေးနိုင်ရန်အတွက်လည်း သင်တန်းများ၊ဆွေးနွေးပွဲများကိုအား လုပ်ဆောင်ပေးလျက် ရှိသည်။
တစ်ဖက်တွင်လည်းစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၌ ပါဝင်သည့် CDM ဆေးတက္ကသိုလ်ကျောင်းသားများ၏စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် ဆေးတက္ကသိုလ် (၂) ယာယီတက္ကသိုလ်ကောင်စီ (Interim UniversityCouncil of University of Medicine – 2) နှင့် ပူးပေါင်းကာ ဆေးတက္ကသိုလ် Final Part 2ကျောင်းသားများ၊ HouseSurgeon Internship ပြီးစီးထားသည့် ဆရာဝန်သစ်လွင်များနှင့် တော်လှန်ရေးအတွင်းရှေ့တန်းဒေသများ၌ Frontlineကူညီလျက်ရှိသည့် ဆေးလောကသားများအတွက် အဓိကထားသော သင်တန်းများကိုလည်းစဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်။ စစ်ရှောင်ပြည်သူများနှင့် IDP Camp များ၌ခိုလှုံနေရသူများအတွက်လည်း သီးခြား IDP Camp Course များ ရေးဆွဲ၍သင်ကြားဖြန့်ဖြူးခြင်းကိုလည်း လုပ်ဆောင်လျက် ရှိသည်။
နိုင်ငံအနှံ့ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင်တပ်သားများအား အထက်အဆင့်ဆင့်သော တာဝန်ရှိသူများက စိတ်ကြွမူးယစ်ဆေးဝါးများသုံးစွဲ စေကာ အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများအား စေခိုင်းတိုက်ခိုက်စေသည့် အခြေအနေများကို လည်း ဆေးပညာရှုထောင့်မှဆန်းစစ်ဝေဖန်ခြင်းများကိုလည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခဲ့သည်။
YMN သည်ထောက်ပို့နှင့် စဉ်ဆက်မပြတ် ပညာသင်ကြားမှုများအား လုပ်ဆောင်သည့်အပြင် နိုင်ငံရေးလှုပ် ရှားမှုအဖြစ် နိုင်ငံအနှံ့ရှိ CDM ဆေးပညာလောကသားများနှင့် စုပေါင်း၍"စွယ်တော်ပွင့်သစ်" စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAOs များကပြုလုပ်သည့် "၁၀:၂၇" စစ်ဆင်ရေးများအား အပြည့်အဝ ထောက်ခံကြောင်းနှင့်ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။
ကွန်ရက်သည်ကျန်းမာရေး CDMအင်အားစုများ အစုအဖွဲ့၏ အဖွဲ့ဝင်အဖြစ်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာအ တွင်းကဖွဲ့စည်းသည့် "နိုင်ငံ့ဝန်ထမ်း CDM ထု ညီလာခံဖြစ်မြောက်ရေးကော်မတီ" ၌လည်း နိုင်ငံရေးအရပါဝင်လှုပ်ရှားသည်။
YMN သည် ထောက်ပို့၊သင်ကြားရေးနှင့် နိုင်ငံရေးအရ လှုပ်ရှားမှုများအပြင် ဆေးပညာမိသားစုများအတွင်းသုတေသန လေ့လာဆန်းစစ်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိရာ""စစ်အာဏာသိမ်းမှုကြောင့် ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များရှိ CDM ပြုလုပ်ထားသောကျောင်းသား ကျောင်းသူများ၏ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာခြင်း" သုတေသနအတွက် တက္ကသိုလ် ၁၆ ခုမှ CDM ကျောင်းသား/သူများအားလုံးဖြေဆိုပေးကြရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တိုက်တွန်းထုတ်ပြန်ထားသည်။
ဆက်သွယ်ရန်
+66 93 650 3286
office.admin@yangonmedical.network
ကိုးကား
https://www.facebook.com/ymnforAll
https://www.facebook.com/photo/?fbid=124630847190706&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=128386336815157&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=132887283031729&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=153723104281480&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=181379968182460&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=264690913184698&set=pb.100089313731966.-2207520000
https://www.facebook.com/photo/?fbid=299833403003782&set=pb.100089313731966.-2207520000
https://www.facebook.com/photo.php?fbid=356310407356081&set=pb.100089313731966.-2207520000&type=3