သုတေသန · ဖြစ်စဉ်များ

Spirited Resistance အမည်ဖြင့် ၂၀၂၄ နှစ်ပတ်လည်အစီရင်ခံစာအား KnHRG ထုတ်ပြန်

လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ကရင်နီပြည်နယ် အခြေပြု လုပ်ကိုင်နေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group – KnHRG) က ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာအား "Spirited Resistance” အမည်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ၌ ကရင်နီဒေသအတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုပုံစံမျိုးစုံကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူအရေအတွက်၊ KnHRG ၏တစ်နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုနှင့် ၂၀၂၅ ခုနှစ်အတွက် မျှော်ရည်ချက်၊ ဘဏ္ဍာရေးအသုံးစရိတ်ရှင်းတမ်းများကိုပါ ထည့်သွင်းဖော်ပြထားသည်။