သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
အာဆီယံ၊ ကုလနှင့် အောက်တိုဘာတွင် မြန်မာ့အရေး နိုင်ငံတကာ ခြေဆန့်ခဲ့သမျှ
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
ရန်ကုန်အင်အားစုများ မဟာမိတ် ထပ်မံဖွဲ့စည်း
တူညီသောပန်းတိုင်အတွက် ရန်ကုန်အခြေစိုက် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နှင့် ရန်ကုန်ဒရုန်းတို့အကြား တော်လှန်ရေးပြီးမြောက်ကာ ပြန်လည်ထူထောင်ရေးကာလအထိ ပြည်သူ့အကျိုးအတွက် မဟာမိတ်အဖြစ် အတူလက်တွဲမည် ဖြစ်ကြောင်း မတ် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မူးယစ်ဆေးကိစ္စမှာ နိုင်ငံရေးတိုက်ခိုက်မှုသာ ဖြစ်ဟု AA တုံ့ပြန်
ကျပ် ၉၆ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွင် အာရက္ခတပ်တော် (AA) ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ဇနီးဖြစ်သူ မသီတာမြင့်တို့ ပါဝင်သည်ဟု မတ် ၁၈ နှင့် ၁၉ ရက်ထုတ် စစ်တပ်အာဘော် သတင်းစာများ၌ ထည့်သွင်းဖော်ပြမှုသည် မိမိတို့ အဖွဲ့အစည်းနှင့် မည်သို့မျှ မဆက်စပ်ကြောင်းနှင့် အငြိုးအတေးကြီးစွာ နိုင်ငံရေးအရ ထိုးနှက်ခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) က မတ် ၁၉ ရက်တွင် ထုတ်ပြန် တုံ့ပြန်လိုက်သည်။
ပြည်သူဘက် ရပ်တည်ရန် EU နှင့် ILO သို့ ရန်ကုန်သပိတ်အင်အားစု အိတ်ဖွင်ပေးစာ ပို့
လုပ်သားပြည်သူများ၏တရားမျှတမှုနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် ဥရောပသမဂ္ဂ (EU) အစိုးရအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများသို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစု ၁၁ ဖွဲ့ စုပေါင်းကာ မတ် ၁၂ ရက်က အိတ်ဖွင့်ပေးစာပို့ ပန်ကြားထားသည်။
NUG လူ့အခွင့်အရေး ဒုဝန်ကြီးအား တာဝန်မှ အနားယူခွင့်ပြု
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း NUG က မတ် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဧရာဝတီအခြေပြု IDLA တပ်တော် ဖွဲ့စည်း
စစ်သုံးစစ် တိုက်ဖျက်ရေး အပါအဝင် ရည်ရွယ်ချက် လေးရပ်ဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် လွတ်မြောက်ရေးတပ်တော် (Irrawaddy Delta Liberation Army – IDLA) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်စတင်ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ ဥက္ကဋ္ဌ မန်းဖန်းရှောင်းက ကြေညာချက် အမှတ် (၂) ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
YPDF နှင့် တပ်တစ်ခုတည်း စုဖွဲ့ကြောင်း ယောတပ်တော် (YA) ထုတ်ပြန်
အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် တပ်တစ်ခုတည်းအဖြစ် အတူတည်ဆောက်ကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယောတပ်တော် (Yaw Army – YA) က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အပြီးတိုင် ဖျက်သိမ်း
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ပိုမိုကောင်းမွန်သော အရွေ့သို့ တက်လှမ်းဆောင်ရွက်ရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြုလုပ်သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၅) အရ အပြီးတိုင် ဖျက်သိမ်းပြီဖြစ်ကြောင်း မတ် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မူသုံးချက်ပါ နိုင်ငံရေးကြေညာစာတမ်းအား ပြည်သူ့တော်လှန်ရေးတပ်ဦး ထုတ်ပြန်
ဆိုရှယ်ဒီမိုကရေစီကို ယုံကြည်လက်ခံကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး မူသုံးချက်အား ကိုင်စွဲထားမည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး (People’s Revolution Front – PRF) က ဖေဖော်ဝါရီ ၂၇ ရက်တွင် တပ်ဦးနိုင်ငံရေးကြေညာစာတမ်းနှင့်အတူ ကြေညာထုတ်ပြန်လိုက်သည်။
Spirited Resistance အမည်ဖြင့် ၂၀၂၄ နှစ်ပတ်လည်အစီရင်ခံစာအား KnHRG ထုတ်ပြန်
လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ကရင်နီပြည်နယ် အခြေပြု လုပ်ကိုင်နေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group – KnHRG) က ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာအား "Spirited Resistance” အမည်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
မန္တလေး ကြားကာလ အစီအမံ အခန်း (၉) အထိ ရေးဆွဲပြီး ဖြစ်
မန္တလေးဒေသ ကြားကာလအစီအမံအား အများပြည်သူ အကြံပြုချက် ရယူ၍ ရေးဆွဲလျက်ရှိရာ လက်ရှိတွင် အခန်း (၉) ခု အထိ ရေးဆွဲပြီး ဖြစ်ကြောင်း ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်ရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြေညာချက်အမှတ် ၄/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။
တစ်ခုတည်းသော ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် CC နှင့် ICNCC အကြား သဘောတူ
ချင်းပြည်နယ်၌ ကောင်စီနှစ်ရပ် ရှိနေခြင်း မဖြစ်သင့်ကြောင်း လက်ခံယုံကြည်သည့်အတွက် "ချင်းအမျိုးသားကောင်စီ" အမည်ဖြင့် ပေါင်းစည်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ချင်းပြည်ကောင်စီ (Chinlnad Council – CC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) တို့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။
NUG မှ နုတ်ထွက်၍ ယောတပ်တော်နှင့် ပူးပေါင်းမည်ဟု PDF ဂန့်ဂေါ ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါ (ယောဒေသ) (PDF - Gangaw Battalion – YAW REGION) အမှတ် (၁၂) တပ်ရင်းရှိ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များအနေဖြင့် MoD လက်အောက်မှ နုတ်ထွက်ကာ ယောတပ်တော် (YA) နှင့် ပူးပေါင်း၍ ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်အမှတ် ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ကူမင်းတွေ့ဆုံမှု၌ အချက်သုံးချက်သာ ဆွေးနွေးသော်လည်း အဆင်မပြေခဲ့ဟု PSLF ထုတ်ပြန်
နှစ်ဘက်တပ်များ ရောက်ရှိရာနေရာ၌ ရပ်တန့်ကာ အပစ်ရပ်ရေး အပါအဝင် အချက်သုံးချက်အား တွေ့ဆုံညှိနှိုင်းမှုအတွင်း တောင်းဆိုဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှုခက်ခဲသည့်အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ်မစ္စတာ တိန့်ရှီကျွင်းဦးဆောင်မှုဖြင့် ထပ်မံတွေ့ဆုံရန်ဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖာသာရ်မာတင်ဒေါနယ် သတ်ခံရမှု သံသယတရားခံ (၁၀) ဦးအား စစ်ခုံရုံး တင်မည်ဟု NUG ပြည်ထဲရေး ထုတ်ပြန်
ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး မာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှု၌ သံသယရှိသူ (၁၀) ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ စစ်ခုံရုံးတင် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်နှင့် ၂၂ ဦးအား အာဂျင်တီနား ဖမ်းဝရမ်းထုတ်
ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင် ၂၃ ဦးအား အာဂျင်တီးနား Buenos Aires တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်းUK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
စစ်အုပ်စု လူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြု ဖျက်သိမ်းကြောင်း NUG ကြေညာ
အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းကာ ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းမဟုတ်ဘဲ ပဲရစ်အခြေခံမူများအား ဆန့်ကျင်ပြီး စစ်အုပ်စု အလိုကျ ရပ်တည်ဆောင်ရွက်ပေးနေသည့်အတွက် ယင်းအဖွဲ့အစည်းအား အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အမျိုးသားတန်းတူရေးအတွက် လက်နက်ကိုင်လမ်းစဉ်သာ ရှိဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် နိုင်ငံရေးအာဏာ ရယူရာ၌ လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ မွန်ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုက်တွန်းလိုက်သည်။
Interra Resources အား အရေးယူပေးရန် စင်ကာပူကို မကွေးအင်အားစုများ အိတ်ဖွင့်ပေးစာ ပို့
အကြမ်းဖက် မြန်မာစစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၌ အသုံးပြုရန် လောင်စာဆီ ရောင်းချပေးနေသည့် Interrra Resources အား မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှု ချက်ချင်းရပ်တန့်စေရန်နှင့် စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ပေးရန် အပါအဝင် တောင်းဆိုချက်လေးချက်ပါ အိတ်ဖွင့်ပေးစာအား စင်ကာပူအစိုးရနှင့် စင်ကာပူအိတ်ချိန်းအုပ်စုအား မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း၊ လူထုတိုက်ပွဲကော်မတီနှင့် သမဂ္ဂ စုစုပေါင်း (၂၀) လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပေးပို့လိုက်သည်။
Bottom-Up Federalism ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်တည်ဆောက်မည်ဟု တိုင်းရင်းသားနှင့် ဖက်ဒရယ်ကောင်စီများ ကြေညာ
ဗဟိုချုပ်ကိုင်မှုစနစ်သည် ဆယ်စုနှစ် ခုနနှစ်ခုကျော်တိုင် နက်ရှိုင်းသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမက ပိုမိုရှုပ်ထွေးသည့်ပြဿနာများကို ဖြစ်ပေါ်စေသည့်အတွက် ယင်းစနစ်ကို ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးမည် မဟုတ်ဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) အခြေခံချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ကိုးခုက ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် အလုံးစုံပူးပေါင်းကြောင်း ဂဠုန်စစ်ကြောင်း ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မှ နုတ်ထွက်ထားသည့် ဂဠုန်စစ်ကြောင်းအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် စစ်ရေးဖော်ဆောင်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏Chain of Command (COC) အောက်သို့ အလုံးစုံ ပူးပေါင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြို့တွင်းနေထိုင်ခွင့် စည်းကမ်းချက်များအား CDF (မင်းတပ်) ထုတ်ပြန်
ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ပြည်သူများအတွက် စည်းကမ်း (၁၂) ချက်နှင့် မြို့ဖြတ်သန်းမည့် ကုန်တင်ယာဉ်များအတွက် စည်းကမ်းချက် (၉) ချက်အား ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defense Force –Mindat) က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG ကာကွယ်ရေးအတွင်းဝန် ရာထူးက အနားယူ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်မှာ ဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့်တာဝန်များအားလုံးမှ အနားယူလိုက်ပြီးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ရေးသားလိုက်သည်။
ပါတီဥက္ကဋ္ဌနှင့် မတွေ့ဆုံပါက ပြေလည်ရေးလမ်းစ မရှိဟု ယုံကြည်ကြောင်း NLD - CWC ထုတ်ပြန်
စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။