လားရှိုးတွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သည့် တပ်သား ၃၁၇ ဦးဇူလိုင် ၂၁ ရက်က လက်နက်ချ အလင်းဝင်ကာ အာဏာသိမ်းစစ်တပ်အား တိုက်ထုတ်ရန်အတွက် မဟာမိတ်အဖွဲ့များ၌ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်နက်ချ အလင်းဝင်သည့်သူများအား MNDAA နိုင်ငံရေးဌာန/စည်းရုံးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက လက်ခံခဲ့ခြင်းကြောင်း ရုပ်သံဖိုင်နှင့် တကွထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ တော်လှန်ရေးတိုက်ပွဲ၌ ပါဝင်လိုသည့်ဆန္ဒအား ကြိုဆိုကာ လူတိုင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံချက်ပေးထားကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။