No items found.

YPDF နှင့် တပ်တစ်ခုတည်း စုဖွဲ့ကြောင်း ယောတပ်တော် (YA) ထုတ်ပြန်

အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် တပ်တစ်ခုတည်းအဖြစ်  အတူတည်ဆောက်ကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယောတပ်တော် (Yaw Army – YA) က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခု စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကာ စစ်အာဏာရှင်အား ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခု ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ယော တို့၏တန်းတူညီမျှစွာ ပါဝင်ရပ်တည်ခွင့်အတွက် ယော ဟူသော ဝိသေသလက္ခဏာ ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.