No items found.

ကန်ပက်လက်တွင် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း အား၎င်းတို့ လုပ်ကိုင်နေသည့် ရုံးလုပ်ငန်းများအား ရပ်တန့်စွန့်ခွာရန် မေ ၉ ရက်က သတိပေးပြီးနောက် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်လာကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းနှင့်တကွ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

CDM ပြုလုပ် အလင်းဝင် ပူးပေါင်းလာသူများမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ မြေစာရင်း၊ လူမှုဝန်ထမ်း၊ အိမ်တွင်းမှု၊  စိုက်ပျိုးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ စာရင်းစစ်ရုံး၊ ထွေအုပ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများ ဖြစ်ကြသည်။

ထို့ပြင် အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာခံထားရသည့် ပညာရေးဝန်ထမ်း ၁၀ ဦးမှာလည်း အယူခံဝင်ပြီးနောက် CDM ပြုလုပ်သည့် ဝန်ထမ်းများဖြစ်ကြောင်း ခိုင်လုံသည့်အတွက် စာရင်းမှ ပယ်ဖျက်ကြောင်းလည်း ကန်ပက်လက်မြို့ပအဖ အဖွဲ့က ထုတ်ပြန်ထားသေးသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.