မောင်တောထိုးစစ် စမည်ဖြစ်၍ မြို့မှ ထွက်ခွာကြရန် အာရက္ခတပ်တော် ကြေညာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု လက်ကျန်စစ်စခန်းများအားလုံးအား ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့သူမြို့သားများအနေဖြင့်ဇွန် ၁၆ ရက်က ည ၉ နာရီမှစ၍ မြို့တွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာပေးရန် အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။

AA သည် ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသည့် မောင်တောမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုစခန်းများ အားလုံးနီးပါးအား အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်ကာ စစ်အုပ်စုသည် မောင်တောမြို့အား စစ်စခန်းများသဖွယ် အသုံးပြုကာ မြို့ပြစစ်ဆင်ရေးပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး မြို့သူမြို့သားများအနေဖြင့် စစ်အုပ်စု၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ဆင်ထားသောနေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများ၊ တပ်စွဲထားသောနေရာများ၌ အတူပူးတွဲနေထိုင်ခြင်းမျိုး မရှိစေရန်လည်း ကြေညာချက်၌ သတိပေးထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.