No items found.

မကွေး ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်အား အစုအဖွဲ့ ခုနစ်ခုဖြင့် ဖွဲ့စည်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်အား ဧပြီ ၁ ရက် ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး၊ ဧပြီ ၃၀ ရက် ယူနစ်လွှတ်တော် တတိယအထူးအစည်းအဝေးခေါ်ယူခဲ့ပြီးနောက် နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသော ယူနစ်အတွင်းရှိ အစုအဖွဲ့ခုနစ်ခုမှ တစ်စုလျှင် ကိုးဦးနှုန်းဖြင့် “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်”အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက် ရက်စွဲဖြင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။

အစုအဖွဲ့ ခုနစ်ဖွဲ့တွင် (၁) ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၂) နိုင်ငံရေးပါတီ (၃)ချင်းတိုင်းရင်းသား(၄) တောင်သားနှင့်ယော လူမျိုးစု (၅) သမဂ္ဂ၊ အမျိုးသမီးများနှင့် လူငယ်၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်း (၆) CDM နိုင်ငံ့ဝန်ထမ်းများ (၇) ခုခံတွန်းလှန်ရေးကဏ္ဍက ထောက်ခံအဆိုပြုသော ကိုယ်စားလှယ်များအစုအဖွဲ့များ ပါဝင်သည်။

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းအား ဥပဒေအမှတ် (၁) အဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် လည်းကောင်း၊ ဥပဒေအမှတ် (၂) အဖြစ် ယင်းဥပဒေအား ပြင်ဆင်သည့် ဥပဒေအား၂၀၂၄ ခုနှစ် မတ် ၄ ရက်တွင်လည်းကောင်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ပြဌာန်းထားပြီး ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.