မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၌ ထည့်သွင်းဆွေးနွေးမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၂၂ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက လုယက်မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား ဇူလိုင် ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ "Any Other Business” ခေါင်းစဉ်အောက်မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထိုသို့ဆွေးနွေးရန်အတွက် တောင်ကိုရီးယား၊ ယူကေနှင့် အမေရိကန်တို့က တောင်းဆိုခဲ့ခြင်း ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အ ထွေထွေအတွင်းရေးမှူးချုပ် Joyce Msuya ကတင်ပြသွားရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် မူဆလင်များက ဇွန် ၂၁ ရက်ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်သွားသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဝန်ခံခဲ့ရသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.