ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်နိုင်ပြီဟု ULA/AA ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက လေဆိပ်အနီး အဆောက်အအုံနှင့် အနီးပတ်ဝန်းကျင်တွင် အင်အား ၄၀၀ ခန့်ဖြင့် အပြင်းအထန် ခုခံနေသည် ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီ (မဇင်) လေဆိပ်အား ဇူလိုင် ၅ ရက် နံနက်ပိုင်းမှ စ၍ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထို့ပြင် လေဆိပ်အနီး အဆောက်အအုံများ၊ နာမည်ကြီး ဟိုတယ်များပေါ်မှ အင်အား ၁၀၀ ခန့်ဖြင့် ခုခံနေသည့်နေရာများကိုလည်း ဇူလိုင် ၆ ရက်က ရှင်းလင်းနိုင်ပြီဖြစ်ကာ ၎င်းတို့မှာ တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများမှ ဖြစ်ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။ ငပလီ (ငဇင်) လေဆိပ်မှာ အကြမ်းဖက်စစ်အုပ်စုအား တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်မှ ပထမဦးဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်သည့် ပထမဆုံး လေဆိပ်လည်း ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.