ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ULA/AA ၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက  လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုက ဘူးသီးတောင်မြို့နယ်အတွင်း ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်များအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများရှိကာ ULA/AA က လုပ်ဆောင်သည့်ပုံစံ တန်ပြန်သတင်းလွှင့်နေကြောင်း၊ ULA/AA အနေဖြင့် စစ်ရေးပဋိပက္ခတင်းမာနေမှုများကြောင့် တိုက်ပွဲများ မဖြစ်ခင်ကတည်းကပင် ဒေသခံများအား လွတ်မြောက်ဒေသများသို့ ခေတ္တယာယီ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ရွှေ့ပြောင်းလိုသူများအားကူညီပေးခြင်းတို့အား လက်ရှိအချိန်အထိ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် အာရက္ခတပ်တော်မှ ဒရုန်းဗုံးချသဖြင့် ဘူးသီးတောင်မြို့အတွင်းမှ အရပ်သားပြည်သူအချို့ သေဆုံး၊ ရာချီ ဒဏ်ရာရ ဟူသော သတင်းနှင့်ပတ်သက်၍လည်း မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိကာ အခြေအမြစ်မရှိ တစ်ဖက်သတ်စွပ်စွဲချက်သာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

ဘူးသီးတောင်၊ မောင်တောဒေသ လက်ရှိအရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆိုအတူ ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်းလည်း ထုတ်ပြန်ကြေညာချက်၌ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.