အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု

အာဏာသိမ်း စစ်တပ်အောက် အလုပ်မလုပ်ရေး CDM လှုပ်ရှားမှုမှသည် စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၊ ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများအပြင် လူပုဂ္ဂိုလ်များကိုပါ သပိတ် မှောက်ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပိုအားကောင်းလာခဲ့သည်။ ထို့ပြင် အခွန်မဆောင်ခြင်း လှုပ်ရှားမှု၊ စစ်တပ် က ထုတ်ပြန်သည့် အမိန့်/ညွှန်ကြားချက်မှန်သမျှ မလိုက်နာရေး စသည့် အကြမ်းမဖက် အာဏာဆန့်ကျင်မှုများလည်း ဆက်လက် ရှိလာခဲ့သည်။

  • ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ထုတ်ပြန်ချက်

    ရဟန်းသံဃာတော်များအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများအား ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြင့် နွေဦးတော်လှန်ရေး၌ ဦးဆောင်လမ်းပြ ပါဝင်ပေးရန် စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး လှုပ်ရှားဆောင်ရွက်နေသူများက ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက် ဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်၍ ပန်ကြာထားသည်။

    GSCAJMM
  • ရန်ကုန်တက္ကသိုလ် နှစ်ခုတွင် စစ်တပ်ထုတ်ကုန် သပိတ်မှောက်

    ရန်ကုန်တိုင်းအတွင်းရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နှစ်ခုတွင် "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" အမည်ဖြင့် "စစ်တပ်ထုတ်ကုန် သပိတ်မှောက် လှုပ်ရှားမှု" အား ကျောင်းသားများက စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။

    AFCC