တစ်ခုတည်းသော ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် CC နှင့် ICNCC အကြား သဘောတူ

ချင်းပြည်နယ်၌ ကောင်စီနှစ်ရပ် ရှိနေခြင်း မဖြစ်သင့်ကြောင်း လက်ခံယုံကြည်သည့်အတွက် "ချင်းအမျိုးသားကောင်စီ" အမည်ဖြင့် ပေါင်းစည်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ချင်းပြည်ကောင်စီ (Chinlnad Council – CC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (InterimChin National Consultative CouncilICNCC) တို့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

တစ်ခုတည်းသော ကောင်စီအား "ချင်းအမျိုးသားကောင်စီ" ဟု ခေါ်တွင်ရန် သဘောတူထားပြီဖြစ်ကာ ကောင်စီအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန်လည်း သဘောတူညီထားပြီဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.