ရှမ်းမြောက်တိုက်ပွဲရပ်ရန် PSLF/TNLA ကို တရုတ် ဖိအားပေး

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲများအား ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက ရပ်တန့်ရေးအတွက် နည်းလမ်းများ ပိုမို လုပ်ဆောင်မည်ဖြစ်ကာ ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကိုလည်း ကိုယ်တိုင် တာဝန်ယူရမည်ဟု သြဂုတ် ၂၉ ရက်တွင် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက "စစ်ရေးလေ့ကျင့်မှုအကြောင်းကြားကြော်ငြာချက်" ၌ ဖော်ပြထားသည်။

PSLF/TNLA အနေဖြင့် မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းအဖြေရှာရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံး ပြန်လာမည်ဟု မျှော်လင့်ကြောင်း၊ ယင်းအခြေခံပေါ်၌ တရုတ်ဘက်မှ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ပြီး မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီကာ PSLF/TNLA အတွက် သင့်လျော်သော တရားဝင် အခွင့်အရေးများ၊ အကျိုးစီးပွားများရရှိစေရန်၊ ကျန်းမာစွာ နေထိုင်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဟုလည်း ဖော်ပြထားသည်။

ရွှေလီလုံခြုံရေးကော်မတီ ကြော်ငြာချက်၌ PSLF/TNLA အနေဖြင့် တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သောလုံခြုံမှုကို အာမခံပေးရန်၊ တရုတ်ပြည် နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိသော စစ်ရေးအပြုအမူများ ပပျောက်အောင် ဆောင်ရွက်ရမည်ဟုလည်း ထည်သွင်းဖော်ပြထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.