No items found.

ကယန်းအမျိုးသားတက္ကသိုလ်အား ဘာသာရပ်ခြောက်ခုဖြင့် စတင် ဖွင့်လှစ်

အခြေခံမှ အဆင်မြှင့်ပညာရေးနှင့် နိုင်ငံတကာ ပညာရေးအား လက်လှမ်းမီစေရေးအတွက် ဘာသာရပ် ခြောက်ခုဖြင့် ကယန်းအမျိုးသားတက္ကသိုလ်(Kayan National University - KyNU) အား သြဂုတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

အမျိုးသားတက္ကသိုလ်၌ စတင်သင်ကြားပေးမည့် ဘာသာရပ်ခြောက်ခုမှာ ဆရာအတတ်သင်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ၊ ကွန်ပျူတာ၊ ကယန်းစာပေနှင့် ဘာသာစကား ဘာသာရပ်တို့ ဖြစ်သည်။ လက်ရှိတွင် မိတ်ဖက် တိုင်းရင်းသားတက္ကသိုလ်၊ ပြည်ထောင်စု တက္ကသိုလ်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကာ သဘာဝသိပ္ပံ၊ စီးပွားရေး၊ ဥပဒေနှင့် မြို့ပြတည်ဆောက်ခြင်းဆိုင်ရာ ဘာသာရပ်များကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.