နှစ်ဖက်ခေါင်းဆောင်းများ ဆွေးနွေးပြီးနောက် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force – MSRF) အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) တပ်အဖြစ် ပြောငးလဲရပ်တည်ကာ ဆက်လက်တိုက်ပွဲ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။
MSFC ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကို ခံယူကာ ပြည်နယ်တပ်အဖြစ် ရပ်တည်မည်ဖြစ်ကာ စစ်ဘက်ရေးရာလိုအပ်ချက်များကိုလည်း MSFC က တာဝန်ယူဖြည့်ဆည်းသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။