တအာင်းပြည် တပ်မဟာ (၃)နယ်မြေ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စကခ (၂၁) (မပခ)၊ ခမရ – ၃၄၈၊ ခလရ ၂၂၃ နှင့် ၂၇၆ ဗျူဟာမှူးကြီး အခြေချကွပ်ကဲနေသည့် တပ်စခန်းအားလုံးအား ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတွင် အလုံးစုံ သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တအာင်းတပ်မတော်( PSLF/TNLA) က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မိုးမိတ်မြို့ရှိ တပ်စခန်းများအား ဇွန် ၂၇ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သီတင်း လေးပတ်အကြာ၌ စစ်အုပ်စုတပ်စခန်းများ၊ ရဲစခန်းများ အပါအဝင် ဌာနဆိုင်ရာရုံးများအား အလုံးစုံ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
PSLF/TNLA သည်၁၀:၂၇စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း နောင်ချိုနှင့် မိုးကုတ်မြို့တို့ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကာ မိုးမိတ်မြို့အား တတိယမြောက်မြို့အဖြစ်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။