မြေရှားသတ္တုနှင့် ဆက်စပ်မှုများ လုပ်ကိုင်ခွင့် မပြုကြောင်း PSLF/TNLA ထုတ်ပြန်

တအောင်းပြည်နယ်အတွင်း မြေရှားသတ္တုလုပ်ငန်း တူးဖော်လုပ်ကိုင်ခြင်း၊ စမ်းသပ်ရှာဖွေ တိုင်းတာခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများကို မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) စီးပွားရေးဌာနက မေ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

PSLF/TNLA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြင့် ပူးတွဲဖော်ဆောင်သည့် ၁၀:၂၇စစ်ဆင်ရေး နောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များအား သိမ်းယူထားနိုင်ကာ အုပ်ချုပ်ရေး စတင်နေပြီဖြစ်ပြီး ထုတ်ပြန်ချက်အား စီးပွားရေးဌာန တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်းအမည်ဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.