မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
ဆက်စပ်ဖြစ်စဉ်များ
အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (Arrangement for Transitional Constitution – AFTA) မိတ်ဆက်
နွေဦးတော်လှန်ရေးတွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး” ကို ကြွေးကြော်လာခဲ့သည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကပင် ရှိခဲ့ကြသည်။ စစ်အာဏာရှင်လက်ထက် အငြင်းပွားဖွယ် အတည်ပြု ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်လှန်ရေးအင်အားစုများက လက်မခံပဲ ဆန့်ကျင်ခဲ့ကြသလို၊ တော်လှန်ရေးအဖွဲ့အစည်းများကလည်း အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။ တော်လှန်ရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်တရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို ထုတ်ပြန် ကျင့်သုံးခဲ့ကြသည်။ အဆိုပါ ပဋိညာဉ်တွင်လည်း လမ်းပြမြေပုံများ ချမှတ်ခဲ့ရာတွင် တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို တော်လှန်ရေးကာလအတွင်းထဲမှာပင် ရေးဆွဲရန်လည်း လမ်းပြမြေပုံအဆင့်တခုအဖြစ် အပါအဝင် ဖြစ်ခဲ့သည်။
Bottom-Up Federalism ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်တည်ဆောက်မည်ဟု တိုင်းရင်းသားနှင့် ဖက်ဒရယ်ကောင်စီများ ကြေညာ
ဗဟိုချုပ်ကိုင်မှုစနစ်သည် ဆယ်စုနှစ် ခုနနှစ်ခုကျော်တိုင် နက်ရှိုင်းသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမက ပိုမိုရှုပ်ထွေးသည့်ပြဿနာများကို ဖြစ်ပေါ်စေသည့်အတွက် ယင်းစနစ်ကို ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးမည် မဟုတ်ဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) အခြေခံချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ကိုးခုက ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာ့ဆိုက်ဘာရာဇဝတ်အရေး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ သဘောထား ထုတ်ပြန်
မြန်မာနိုင်ငံအား ဒေသတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေမည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်မာစွာ သိန္နိဋ္ဌာန်ချထားကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
မွန်လေးဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်း
ဒေသတွင်း ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက် “ရာမည ပူးတွဲစစ်ကြောင်း” အား ဇန်နဝါရီ ၁၇ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မွန်လက်နက်ကိုင်လေးဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာလိုက်သည်။
၂၀၂၄ လည်ပြန် - တော်လှန်စစ်၏ အောင်မြင်မှုများ
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖော်ဆောင်လာသည့် အာရက္ခတပ်တော် (AA) သည် စခန်းသိမ်းတိုက်ပွဲများအပြင်မြို့သိမ်းတိုက်ပွဲများကိုပါ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် ဘူးသီးတောင်အား စတင်တိုက်ခိုက်ကာ မေ ၁၈ ရက်တွင်အပြီးတိုင်သိမ်းပိုက်ခဲ့သည်။
မွန်ဒေသ ခြောက်လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ
မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
၂၀၀၈ ခြေ/ဥ နှင့် NCA ကို ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက် NMSP-AD ထုတ်ပြန်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံ့အပြောင်းအလဲအတွက် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမည်ဟု 7 NCA-S EAO ထုတ်ပြန်
အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ကျင်းပခြင်း လုပ်ဆောင်သွားမည်ဟု အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့- EAOs ခုနစ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်မည်ဟု NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကြေညာ
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံ့အာဏာသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်နှင့် ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲကာတိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေး၊စစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ၁၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။