ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ World Food Programme – WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် လက်နက်ကိုင် မူဆလင်များက ဇွန် ၂၁ ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ဂိုဒေါင်အား မီးရှို့ဖျက်ဆီးပြီးနောက် ဘိလပ်မြေဟု ယူဆရသည့် အထုပ်များအား ယူဆာင်ကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေသည်ဟုလည်း AA ထုတ်ပြန်ချက်၌ ပါရှိသည်။
အဆိုပါ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀အတွက် တစ်လစာ ဖူလုံစေမည့် ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားကာ ယင်းသို့ မီးရှို့မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများအား ထိခိုက်စေမည့် ယင်းလုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်လိုကြောင်း ထုတ်ပြန်ထားသည်ဟု WFP ကိုကိုးကား၍ မီဒီယာများက ရေးသားဖော်ပြထားသည်။