EAOs ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုဝန်ကြီး မြန်မာအရေး ဆွေးနွေး

ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေ ကြိုးပမ်းရန် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ကူမာရာမာဆာဟီရို (Mr. KUMURA Masahiro) တို့ မတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာ EAOs ကိုယ်စားလှယ်များအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌနှင့် ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဌ ခူဦးရယ်တို့ ပါဝင် တက်ရောက် ဆွေးနွေးသည်။

နှစ်ဖက်တွေ့ဆုံမှု၌ EAOs များဘက်က မြန်မာ့အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများ၏ မြန်မာ့အပေါ် တသမတ်တည်း ပံ့ပိုးကူညီမှုများနှင့် မြန်မာ့အရေး ဖြေရှင်းရာ၌ ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ချက်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာ့အရေးအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက် အနီးကပ် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်၌ ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.