Home
Institutions
Stakeholders
Revolutionary Highlights
Resources
Podcasts
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
အမျိုးအစား
လူမျိုး/ပြည်နယ် အဖွဲ့အစည်း
January 6, 2025
ဆက်သွယ်ရန်
U Aung Sun Myint
6630749087
Secretary 1
knpphq2013@gmail.com
66613137004
General Secretary
knpphq2013@gmail.com
66895531296
ယခုဆောင်းပါးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် အချက် အလက်များကို အခြေခံ၍ ပြုစုထား ခြင်းဖြစ်ပါသည်။ ပြင်ဆင်ရန် အဆို ပြုလိုသည့်အချက်အလက်များရှိပါက springsprouts@proton.me သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
လှုပ်ရှားဆောင်ရွက်မှုများ
အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (Arrangement for Transitional Constitution – AFTA) မိတ်ဆက်
နွေဦးတော်လှန်ရေးတွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး” ကို ကြွေးကြော်လာခဲ့သည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကပင် ရှိခဲ့ကြသည်။ စစ်အာဏာရှင်လက်ထက် အငြင်းပွားဖွယ် အတည်ပြု ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်လှန်ရေးအင်အားစုများက လက်မခံပဲ ဆန့်ကျင်ခဲ့ကြသလို၊ တော်လှန်ရေးအဖွဲ့အစည်းများကလည်း အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။ တော်လှန်ရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်တရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို ထုတ်ပြန် ကျင့်သုံးခဲ့ကြသည်။ အဆိုပါ ပဋိညာဉ်တွင်လည်း လမ်းပြမြေပုံများ ချမှတ်ခဲ့ရာတွင် တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို တော်လှန်ရေးကာလအတွင်းထဲမှာပင် ရေးဆွဲရန်လည်း လမ်းပြမြေပုံအဆင့်တခုအဖြစ် အပါအဝင် ဖြစ်ခဲ့သည်။
August 14, 2025
Bottom-Up Federalism ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်တည်ဆောက်မည်ဟု တိုင်းရင်းသားနှင့် ဖက်ဒရယ်ကောင်စီများ ကြေညာ
ဗဟိုချုပ်ကိုင်မှုစနစ်သည် ဆယ်စုနှစ် ခုနနှစ်ခုကျော်တိုင် နက်ရှိုင်းသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမက ပိုမိုရှုပ်ထွေးသည့်ပြဿနာများကို ဖြစ်ပေါ်စေသည့်အတွက် ယင်းစနစ်ကို ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးမည် မဟုတ်ဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) အခြေခံချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ကိုးခုက ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
February 13, 2025
မြန်မာ့ဆိုက်ဘာရာဇဝတ်အရေး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ သဘောထား ထုတ်ပြန်
မြန်မာနိုင်ငံအား ဒေသတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေမည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်မာစွာ သိန္နိဋ္ဌာန်ချထားကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
January 22, 2025
စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
January 6, 2025
ကရင်နီပြည် ကြားကာလ ကျန်းမာရေးမူဝါဒအား အတည်ပြု
ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။
January 6, 2025
စစ်အုပ်စုရဲ့ “နိုင်ငံရေး” အတု
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
January 6, 2025
ပြည်နယ်/လူမျိုးကောင်စီများ ပြည်ထောင်စုတည်ဆောက်ရေး သဘောထား
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နှင့် ပတ်သက်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအား ပြည်နယ်အခြေပြု တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီရှစ်ခု၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
January 6, 2025
မြန်မာအင်အားစုများကြား စည်းလုံးရေး တည်ဆောက်ရန် အမေရိကန် တိုက်တွန်း
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
January 6, 2025
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။
January 6, 2025
IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
January 6, 2025
EAOs ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုဝန်ကြီး မြန်မာအရေး ဆွေးနွေး
ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေ ကြိုးပမ်းရန် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ကူမာရာမာဆာဟီရို (Mr. KUMURA Masahiro) တို့ မတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
January 6, 2025
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ကြေငြာချက်အပေါ် တုံ့ပြန်ချက်များ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။။
January 6, 2025
ဘုံသဘောထားရပ်တည်ချက် အကောင်အထည်ဖော်ရေး NUG အစည်းအဝေး ပြုလုပ်
အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ပါ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖေဖော်ဝါရီ ၆ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့သည်။
January 6, 2025
NUG နှင့် K3C တို့၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်
"စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" အမည်ဖြင့် ဦးတည်ချက် ခြောက်ရပ်အား အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ကရင်အမျိုးသားအစည်းအရုံး - KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ၊ ချင်းအမျိုးသားတပ်ဦး - CNF တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
January 6, 2025
NCA အပေါ်သဘောထား EROs သုံးဖွဲ့ ထုတ်ပြန်
အပစ်ရပ်စာချုပ် - NCA ရှစ်နှစ်ပြည့်ပွဲနှင့် ဆက်စပ်၍ NCA လုပ်ငန်းစဉ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC ကို ကြားနေအဖွဲ့အစည်းအဖြစ် နိုင်ငံအတွင်းရှိ သံတမန်အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အဆိုပြု အားပေးမြှင့်တင်မှုမှာ စိုးရိမ်ရသည့် အချက်ဖြစ်ကြောင်း ယခင် အပစ်ရပ်စာချုပ်၌ လက်မှတ်ထိုးထားသည့် အဖွဲ့သုံးဖွဲ့က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်လိုက်သည်။
January 6, 2025
NCA ပျက်ပြယ်ကြောင်း KNPP ထုတ်ပြန်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်C (NCA) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်သည့် သဘောတူစာချုပ် ဖြစ်ကာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းပုံကို ကျော်လွန်ကာ အာဏာသိမ်းလိုက်သည့်အတွက် ဖွဲ့စည်းပုံအပြင် NCA သည်ပါ ပျက်ပြယ်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်လိုက်သည်။
January 6, 2025
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ တိုက်ပွဲဝင်မည်ဟု KNPP ထုတ်ပြန်
(၇၅) နှစ်မြောက် ကရင်နီ အမျိုးသားအာဇာနည်နေ့သို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni Nationall Progressive Party – KNPP) က စက်တင်ဘာ ၈ ရက်က သဝဏ်လွှာပေးပို့ရာ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘဝတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။ လက်ရှိ နိုင်ငံ နိုင်ငံရေးအခင်းအကျင်းမှာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ တစ်ပါတည်း ရှိနေကာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်သည့် တော်လှန်ရေးအား ခွန်အားအသစ်များ ဆောင်ကြဉ်းပေးနေကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ KNPP ကို ၁၉၄၈ ခုနှစ်ကတည်းက ဖွဲ့စည်းထားကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆေက်ရေးကို ရည်ရွယ်သည်။ ၎င်း လက်အောက်တွင် ကရင်နီတပ်မတော် (Karenni Army) ရှိကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား လက်မခံကြောင်း ပြတ်သားစွာ ငြင်းဆန်ထားသည်။
January 6, 2025
View All